ဒုတိယတန်းဖတ်စာ။
ဘုရားဂုဏ်တော်ကိုးပါး မြန်မာပြန်။
၁။
ဣတိပိ သော ဘဂဝါ အရဟံ-ထိုရှင်တော်မြတ်ဘုရားသည် ကိလေသာတို့မှ ဝေးကွာတော်မူ၍
ပူဇော်အပ်သော ပစ္စည်းတို့ကို ခံယူတော်မူထိုက်သော ဤအကြောင်း ကြောင့်လည်း “အရဟံ”ဟူသော
ဂုဏ်တော်အားဖြင့် ထင်ရှားတော် မူပါပေသည်တကား။
၂။
ဣတိပိ သော ဘဂဝါ သမ္မာ သမ္ဗုဒ္ဓေါ-ထိုရှင်တော် မြတ်ဘုရားသည် သိဖွယ် အတန်တန်ကို
ဖောက်ပြန်မရှိ ကိုယ်တော်တိုင် သိတော်မူနိုင်သော ဤအကြောင်းကြောင့်လည်း “သမ္မာသမ္ဗုဒ္ဓ”
ဟူသော ဂုဏ်တော်အားဖြင့် ထင်ရှားတော်မူပါပေသည်တကား။
၃။
ဣတိပိ သော ဘဂဝါ ဝိဇ္ဇာစရဏ သမ္မန္နော-ထိုရှင်တော်မြတ်ဘုရားသည် ဝိဇ္ဇာဉာဏ်တော်,
သုံးဘော်
ရှစ်ပါး, အကျင့်စရဏ တစ်ဆယ့်ငါးနှင့် ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း
“ဝိဇ္ဇာ စရဏ သမ္ပန္န” ဟူသော ဂုဏ်တော်အားဖြင့် ထင်ရှားတော် မူပါပေသည်တကား။
၎။
ဣတိပိ သော ဘဂဝါ သုဂတော-ထိုရှင်တော်မြတ်ဘုရားသည် ကိုယ်တော်မြတ်၏ ကြွသွားပုံ, ဉာဏ်တော်၏
ဖြစ်ပုံ နှစ်ပါးစုံ တင့်တယ်တော်မူသော ဤအကြောင်းကြောင့်လည်း “သုဂတ”ဟူ သော
ဂုဏ်တော်အားဖြင့် ထင်ရှားတော်မူပါပေသည်တကား။
၅။
ဣတိပိ သောဘဂဝါ လောကဝိဒူ-ထိုရှင်တော်မြတ်ဘုရားသည် ကမ္ဘာလောက ဘုံဌာနနှင့် များလှ
ထွေထွေ သတ္တဝါတွေကို ခွဲဝေကုန်စင် သိမြင်တော်မူသော ဤအကြောင်းကြောင့်လည်း
“လောကဝိဒူ”ဟူသော ဂုဏ်တော်အားဖြင့် ထင် ရှားတော် မူပါပေသည်တကား။
၆။
ဣတိပိ သော ဘဂဝါ အနုတ္တရော ပုရိသ ဒမ္မသာရထိ-ထိုရှင်တော်မြတ်ဘုရားသည် ဆုံးမ
ထိုက်သော
ယောက်ျား မိန်းမဟူသမျှကို နည်းပြသင်ပေး၍ ယဉ်ကျေးအောင် ဆုံးမမှု၌ တုဘက်ကင်းကွာ
အသာဆုံး ဖြစ်တော်မူသော ဤအကြောင်းကြောင့်လည်း “အနုတ္တရော ပုရိသ ဒမ္မသာရထိ” ဟူသော
ဂုဏ်တော်အားဖြင့် ထင်ရှားတော် မူပါပေသည်တကား။
၇။
ဣတိပိ သော ဘဂဝါ သတ္ထာ ဒေဝမနုဿာနံ-ထိုရှင်တော်မြတ်ဘုရားသည် နတ်လူတို့၏
ဆရာဖြစ်တော်မူသော ဤအကြောင်းကြောင့်လည်း “သတ္ထာ ဒေဝမနုဿာနံ”ဟူသော ဂုဏ်တော်အား ဖြင့်
ထင်ရှားတော် မူပါပေသည်တကား။
၈။
ဣတိပိ သောဘဂဝါ ဗုဒ္ဓေါ-ထိုရှင်တော်မြတ်ဘုရားသည် သစ္စာလေးတော် ကိုယ်တော်အစ
သိပြီးမှလျှင် များလှဝေနေ သတ္တဝါတွေကို မသွေအတူ သိစေတော်မူသော ဤအကြောင်း ကြောင့်လည်း
“ဗုဒ္ဓ”ဟူသော ဂုဏ်တော်အားဖြင့် ထင်ရှားတော် မူပါပေသည်တကား။
၉။
ဣတိပိ သောဘဂဝါ-ထိုရှင်တော် မြတ်ဘုရားသည် ဘုန်းတော်အနန္တနှင့် ပြည့်စုံတော် မူသော
ဤအကြောင်းကြောင့်လည်း “ဘဂဝါ” ဟူသော ဂုဏ်တော်အားဖြင့် ထင်ရှားတော် မူပါ ပေသည်တကား။
ဤဂုဏ်တော် ကိုးပါးနှင့် ပြည့်စုံတော်မူသော
ရှင်တော်မြတ်ဘုရားကို လေးစားကြည်ညို ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုး
ကန်တော့ပါ၏ ဘုရား၊ [ဤသို့ ဆိုပြီးလျှင် သက်တော်ထင်ရှား ဘုရားကို မှန်း၍
ရှိခိုးဝပ်ချ လိုက်ပါ။]
တရားဂုဏ်တော်
ခြောက်ပါး မြန်မာပြန်။
၁။
သွာက္ခာတော ဘဂဝတာ ဓမ္မော-ရှင်တော်မြတ် ဘုရား၏ တရားတော်သည် ဆုံး စ အလယ် သုံးသွယ်သော
ဂုဏ်အင်္ဂါဖြင့် ကောင်းစွာ ဟောတော်မူအပ်သောကြောင့် “သွာက္ခာတ” ဂုဏ်တော်နှင့် လည်း ပြည့်စုံတော်
မူပါပေသည်တကား။
၂။
သန္ဒိဋ္ဌိကော-ရှင်တော်မြတ် ဘုရား၏ တရားတော် အများအပြောဖြင့် သဘော မကျရဘဲ
ဒိဋ္ဌကိုယ်တိုင် သိမြင်နိုင်သောကြောင့် "သန္ဒိဋ္ဌိက" ဂုဏ်တော်နှင့်လည်း
ပြည့်စုံတော် မူပါပေသည်တကား။
၃။ အကာလိကော-ရှင်တော်မြတ်ဘုရား၏
မဂ်တရားသည် မျှော်ခေါ်ဆိုင်းငဲ့၍ မထားဘဲ အခြားမဲ့ဖိုလ် အကျိုးကို
ပေးနိုင်သောကြောင့် "အကာလိက" ဂုဏ်တော်နှင့်လည်းပြည့်စုံတော်မူ
ပါပေသည်တကား။
၎။ ဧဟိပဿိကော-ရှင်တော်မြတ်ဘုရား၏
တရားတော်သည် မယုံကြည်လျှင် အသင် လာလှည့်ကျင့်၍ ကြည့်ဟု အတိအလင်းဖိတ်ခေါ်ခြင်းငှာ
ထိုက်တော်မူသောကြောင့် "ဧဟိပဿိက" ဂုဏ်တော်နှင့်လည်း
ပြည့်စုံတော်မူပါပေသည်တကား။
၅။ သြပနေယျိကော-ရှင်တော်မြတ်ဘုရား၏
တရားတော်သည် မိမိစိတ်တွင် ထင်မြင်လာအောင်ကပ်ဆောင် ထိုက်သောကြောင့်
"သြပနေယျိက" ဂုဏ်တော်နှင့်လည်းပြည့်စုံတော်မူပါပေသည်တကား။
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော
ဝိညူဟိ-ရှင်တော်မြတ်ဘုရား၏ တရားတော်သည် လေးပါးသော မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်မြင်ပြီး
ပညာရှင်ကြီးတို့ အသီးအသီးကိုယ်တိုင် ခံစားနိုင်သောကြောင့်
"ပစ္စတ္တံဝေဒိတဗ္ဗ" ဂုဏ်တော်နှင့်လည်း ပြည့်စုံတော်မူပါပေသည်တကား။
ဤဂုဏ်တော်
ခြောက်ပါးနှင့်ပြည့်စုံတော်မူသော တရားတော်မြတ်ကို လေးစားကြည်ညို
ရိုသေမြတ်နိုးလက်အုပ်မိုး၍ ရှိခိုးကန်တော့ပါ၏ဘုရား၊[ဤသို့ ဆိုပြီးလျှင်
တရားတော်ကို မှန်း၍ ရှိခိုးဝပ်ချလိုက်ပါ၊]
သံဃာ့ဂုဏ်တော်ကိုးပါး မြန်မာပြန်
၁။ သုပ္ပဋိပန္နော ဘဂဝတော
သာဝကသံဃော-ရှင်တော်မြတ်ဘုရား၏ တပည့်သား အစစ် ဖြစ်တော်မူကြသော အရိယာ သံဃာတော်သည်
ဆုံးမတော်မူသမျှကို လုံးဝလိုက်နာ၍ ကောင်းမွန်စွာ ကျင့်တော်မူသောကြောင့်
"သုပ္ပဋိပန္န" ဂုဏ်တော်နှင့်လည်း ပြည့်စုံတော်မူပါပေ သည် တကား။
၂။ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝက
သံဃော-ရှင်တော်မြတ်ဘုရား၏ တပည့်သား အစစ် ဖြစ်တော်မူကြသော အရိယာ သံဃာတော်သည်
ပရိယာယ် မာယာ ဟန်ဆောင်မှု မပါဘဲ ဖြောင့်မှန်စွာ ကျင့်တော်မူသောကြောင့်
"ဥဇုပ္ပဋိပန္န" ဂုဏ်တော်နှင့်လည်း ပြည့်စုံတော်မူပါပေ သည်တကား။
၃။ ဉာယပ္ပဋိပန္နော ဘဂဝတော
သာဝကသံဃော-ရှင်တော်မြတ်ဘုရား၏ တပည့်သား အစစ်ဖြစ်တော်မူကြသော အရိယာ သံဃာတော်သည်
နိဗ္ဗာန်အကျိုးငှာ ကျင့်တော်မူသော ကြောင့် "ဉာယပ္ပဋိပန္န"
ဂုဏ်တော်နှင့်လည်း ပြည့်စုံတော်မူပါပေသည်တကား။
၎။ သာမိစိပ္ပဋိပန္နော ဘဂဝတော
သာဝကသံဃော-ရှင်တော်မြတ်ဘုရား၏ တပည့်သား အစစ်ဖြစ်တော်မူကြသော အရိယာ သံဃာတော်သည်
လူတို့၏ ရိုသေသမှုနှင့်
သင့်လျော်အောင် ကျင့်တော်မူသောကြောင့် "သာမိစိပ္ပဋိပန္န"
ဂုဏ်တော်နှင့်လည်း ပြည့်စုံတော်မူပါပေသည်တကား။(ယဒိဒံ စတ္တာရိပုရိသယုဂါနိ အဋ္ဌ
ပုရိသပုဂ္ဂလာ-အကြင် အစုံအားဖြင့် လေးစုံ, အသီးအခြား ခွဲသောအားဖြင့် ရှစ်ပါးသော
ယောက်ျားပုဂ္ဂိုလ်တို့ ရှိကြပေကုန်၏၊)
၅။ ဧသ ဘဂဝတော သာဝကသံဃော
အာဟုနေယျော-ရှင်တော်မြတ်ဘုရား၏ ထိုအစုံ
လေးပါး သီးခြားရှစ်ဖော် တပည့်သားအစစ်ဖြစ်တော်မူသော အရိယာ သံဃာတော်သည် အဝေးမှ
ဆောင်ယူ၍ ပူဇော်အပ်သော ပစ္စည်းကို ခံယူတော်မူထိုက်သောကြောင့် "အာဟု နေယျ"
ဂုဏ်တော်နှင့်လည်း ပြည့်စုံတော်မူပါပေသည်တကား။
၆။ ပါဟုနေယျော- ဧည့်သည်များဖို့
ရည်ရွယ်ထားသော ပစ္စည်းကို ခံယူတော်မူထိုက် သော ကြောင့် "ပါဟုနေယျ"
ဂုဏ်တော်နှင့်လည်း ပြည့်စုံတော်မူပါပေသည်တကား။
၇။ ဧသ ဘဂဝတော သာဝကသံဃော ဒက္ခိဏေယျော-ရှင်တော်မြတ်ဘုရား၏
ထိုအစုံ လေးပါးသီးခြားရှစ်ဘော် တပည့်သားအစစ် ဖြစ်တော်မူသော အရိယာသံဃာတော်သည်
နောက်ဘဝ အကျိုးကို ရည်မှန်း၍ လှူဒါန်းအပ်သော ပစ္စည်းကို ခံယူတော်မူထိုက်သောကြောင့်
"ဒက္ခိဏေယျ" ဂုဏ်တော်နှင့်လည်း ပြည့်စုံတော်မူပါပေသည်တကား။
၈။ ဧသ ဘဂဝတော သာဝကသံဃော
အဉ္ဇလိကရဏီယော-ရှင်တော်မြတ်ဘုရား၏ ထိုအစုံ လေးပါး သီးခြားရှစ်ဘော်
တပည့်သားအစစ်ဖြစ်တော်မူသော အရိယာသံဃာတော်သည် လက်အုပ်ချီမိုး ရှိခိုးမှုကို
ပြုထိုက်တော်မူသောကြောင့် "အဉ္ဇလိကရဏီယ" ဂုဏ်တော်နှင့်လည်း
ပြည့်စုံတော်မူပါပေသည်တကား။
၉။ ဧသ ဘဂဝတော သာဝကသံဃော အနုတ္တရံ
ပုညက္ခေတ္တံ လောကဿ-ရှင်တော် မြတ်ဘုရား၏
ထိုအစုံလေးပါး သီးခြားရှစ်ဘော်
တပည့်သားအစစ် ဖြစ်တော်မူသော အရိယာ သံဃာတော်သည် တစ်လောကလုံး၏ အမြတ်ဆုံး
ကောင်းမှုလယ်မြေ ဖြစ်တော်မူသောကြောင့် "အနုတ္တရပုညက္ခေတ္တ"
ဂုဏ်တော်နှင့်လည်း ပြည့်စုံတော်မူပါပေသည်တကား။
ဤသို့ ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော
အရိယာ သံဃာတော်မြတ်ကို လေးစား ကြည်ညို ရိုသေမြတ်နိုး လက်အုပ်မိုး၍
ရှိခိုးကန်တော့ပါ၏ဘုရား၊ [ဤသို့ ဆိုပြီးလျှင် အရိယာ သံဃာတော်ကိုမှန်း၍
ဝပ်ချလိုက်ပါ၊]
[ဤနေရာ၌ ဆရာသည် ကလေးများအား
ဘုရားဂုဏ်တော်ကိုးပါး, တရားဂုဏ်တော် ခြောက်ပါး, သံဃာဂုဏ်တော် ကိုးပါးကို
ရေတွက်တတ်အောင် သင်ပြပါ၊]
ဆုတောင်းအနက်
မေ-တပည့်တော်၏၊ ဣဒံ
ပုညံ-ဤကောင်းမှုသည်၊ အာသဝက္ခယာဝဟံ-အာသဝေါ တရားတို့၏
ကုန်ရာနိဗ္ဗာန်ကို ဆောင်နိုင်သည်၊
ဟောတု-ဖြစ်ပါစေသတည်း၊ [ကုသိုလ်ပြုပြီးတိုင်း
ဤဆုတောင်းကိုဆိုနိုင်သည်၊"အာသဝက္ခယံ+ဝဟံ" ဟုလည်း ရွတ်ကြသည်၊]
သီလတောင်းမြန်မာပြန်
အဟံ ဘန္တေ=အရှင်ဘုရား တပည့်တော်သည်၊
တိသရဏေန သဟ=သရဏဂုံ သုံးပါးနှင့် တကွ၊ ပဉ္စသီလံ
ဓမ္မံ ယာစာမိ=ငါးပါးသီလ တရားကိုတောင်းပါ၏။
အနုဂ္ဂဟံ ကတွာ=သနား
ချီးမြှောက်ခြင်းကို ပြု၍၊ သီလံ ဒေထ မေ ဘန္တေ=တပည့်တော် အားသီလ ပေးပါကုန်ဘုရား။
ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ=အရှင်ဘုရား တပည့်တော်သည် သရဏဂုံ
သုံးပါးနှင့်တကွ ငါးပါးသီလကိုနှစ်ကြိမ်မြောက်လည်း တောင်းပါ၏။
တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ=အရှင်ဘုရား တပည့် တော်သည်
သရဏဂုံ သုံးပါးနှင့်တကွ
ငါးပါးသောသီလကို သုံးကြိမ်မြောက်လည်း တောင်းပါ၏။
("အနုဂ္ဂဟံ ကတွာ" စသည်ကို
ရှေ့နည်းအတိုင်း မြန်မာပြန်ပါ၊)
အမှာ။ ။ကလေးများသည် သြကာသမှစ၍ သီလတောင်း, သရဏဂုံ, ငါးပါးသီလ, ရတနာ သုံးပါးဂုဏ်တော်,
ဣဒံ မေ ပုညံစသော ဆုတောင်းများကို ရကြပြီ၊ ထိုအားလုံးကို နေ့စဉ် မတက်နိုင်လျှင်
တစ်ပတ်လျှင် တစ်ကြိမ်ကျလောက် အပြည့်အစုံ ဘုရားကန်တော့ရင်း ဆိုစေ၍
မြန်မာပြန်ကိုလည်း တစ်မျိုးစီ တစ်မျိုးစီ ရက်လှည့်အားဖြင့် ပြောတတ်ပါစေ၊ ဥပမာ-ပထမ ရက်ပတ်
တစ်ရက်၌ "အဟံ ဘန္တေ" စသော သီလတောင်းကို မြန်မာလို ပြောတတ်ပါစေ၊ ဒုတိယ
ရက်ပတ်တစ်ရက်၌ နမော တဿနှင့် သရဏဂုံပါဠိကို မြန်မာပြန်ပါစေ။
ဤသို့ တစ်လှည့်စီ မြန်မာပြန်ပုံကို
ထပ်၍ သင်ပေးသွာလျှင် နှစ်လလောက်ကြာသော် အားလုံး မြန်မာပြန်ကို ကြေနေစေပါလိမ့်မည်၊
ထိုအခါ 'အပါယ်လေးပါးဆိုတာ ဘာလဲ" စသော မေးခွန်းများကို မေး၍ အစိတ်အစိတ် စကား၏
အဓိပ္ပာယ်ကို နားလည်အောင် ရက်တစ်ပတ် လျှင်တစ်ကြိမ်ကျလောက် ပြန်၍ သင်ပြပါ၊ ထိုပြန်၍
သင်ပြသော ရက်ကိုလည်း စာသင်ချိန် တစ်ချိန်ဟု သဘောထား၍ အသစ်စာများကို မသင်ဘဲ
ရပ်ထားလိုက်ပါ။