Tuesday, June 24, 2014

ဗုဒ္ဓဘာသာလက်စွဲ (၁၉) **မိစ္ဆာဒိဋ္ဌိအပြစ်ပြနှင့် သမ္မာဒိဋ္ဌိအကျိုးပြတရားတော်**



မိစ္ဆာဒိဋ္ဌိအပြစ်ပြတရားတော်

၁။ ဘိက္ခုတို့… မိစ္ဆာဒိဋ္ဌိကြောင့် သတ္တဝါတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေရပြီးနောက် အပါယ်လေးပါး၌ ဖြစ်ကြရသကဲ့သို့ ထို့အတူ မိစ္ဆာဒိဋ္ဌိလောက် အပါယ်လေးပါ၌ ဖြစ်စေနိုင်သော တရားကို ငါဘုရားမြင်တော်မမူ။

[မိန့်တော်မူလိုရင်းကား "အပါယ်ချနိုင်သော တရားများစွာတို့တွင် မိစ္ဆာဒိဋ္ဌိသည် အပါယ်အချ နိုင်ဆုံး တရားဖြစ်သည်" ဟု မိန့်တော်မူလိုသည်။

" နာဟံ ဘိက္ခဝေ အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန သတ္တာ ကာယဿ ဘေဒါ ပရမ္မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇန္တိ, ယထယိဒံ ဘိက္ခဝေ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိယာ ဘိက္ခဝေ သမန္နာဂတာ သတ္တာ ကာယဿ ဘေဒါ ပရမ္မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇန္တိ"။
[အင်္ဂုတ္တုရ်, ဧကနိပါတ်, (၁၆) ဧကဓမ္မ(ဗီဇ)ဝဂ်၊]


သမ္မာဒိဋ္ဌိအကျိုးပြတရားတော်

၂။ ဘိက္ခုတို့…သမ္မာဒိဋ္ဌိကြောင့် သတ္တဝါတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေရပြီးနောက် ဂတိကောင်း (ဘဝကောင်း) ဖြစ်သော လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်၌ ဖြစ်ကြရသကဲ့သို့ ထို့အတူ သမ္မာ ဒိဋ္ဌိလောက် ကောင်းသော ဘဝ၌ ဖြစ်စေနိုင်သောတရားကို ငါဘုရား မြင်တော်မမူ၊ [မိန့်တော်မူ လိုရင်းကား "ကောင်းသောဘဝ၌ ဖြစ်စေနိုင်သော တရားတို့တွင် သမ္မာဒိဋ္ဌိသည် ဘဝကောင်း၌ အဖြစ်စေနိုင်ဆုံး တရားဖြစ်သည်" ဟု မိန့်တော်မူလိုသည်-]
[အင်္ဂုတ္တိုရ်, ဧကနိပါတ်, (၁၆) ဧကဓမ္မ (ဗီဇ) ဝဂ်၊]


" နာဟံ ဘိက္ခဝေ အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယေန သတ္တာ ကာယဿ ဘေဒါ ပရမ္မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇန္တိ, ယထယိဒံ ဘိက္ခဝေ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိယာ ဘိက္ခဝေ သမန္နာဂတာ သတ္တာ ကာယ ဿ ဘေဒါ ပရမ္မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇန္တိ"
[အင်္ဂုတ္တိုရ်, ဧကနိပါတ်, (၁၆) ဧကဓမ္မ (ဗီဇ) ဝဂ်၊] 


မတရားကျင့်မှုနှင့် တရားကျင့်မှု

ဆရာ။    ။"နောက်ဘဝ ရှိတယ်" လို့ ယူတဲ့သူဟာ  လူကောင်းဖြစ်နိုင်တယ်ဟု ဆိုပေမယ့် ဒီလို အယူမှန်ရုံအမြင်မှန်ရုံနဲ့ လူကောင်း မဟုတ်သေးဘူးကွဲ့၊ တရားနည်းလမ်း အတိုင်း ပြုလုပ်မှလဲ "လူကောင်း" ဖြစ်နိုင်တယ်၊ အယူကတော့ မှန်ပါရဲ့၊ လုပ်တာက မတရား တာတွေ လုပ်နေလျှင်လူကောင်းမဟုတ်နိုင်သေးဘူး၊ လူကောင်းမဟုတ်လျှင်လဲ သေလျှင်  အပါယ် ကျဦးမှာပဲ၊ လူကောင်းဟုတ်မှ သေလျှင် လူတို့နတ်တို့ဖြစ်ရမယ်၊ အောက်ပါ တရားတော်ကို ဖတ်ကြစမ်းပါ။

မတရားနှင့်တရားတို့၏ အပြစ်အကျိုးပြတရာတော်။

ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါ၌ ပုဏ္ဏားတစ်ယောက်သည် ဘုရားအထံတော်သို့ လာ၍ လျှောက်ထားသည်မှာ-

(၁) “အရှင်ဂေါတမ….တချို့သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးနောက် အဘယ့်ကြောင့် အပါယ်လေးပါး၌ ဖြစ်ကြရသနည်း၊ တချို့ သတ္တဝါတို့ကား ခန္ဓာကိုယ်ပျက်စီး၍ သေပြီးနောက် အဘယ့်ကြောင့် ကောင်းသော (လူနတ်) ဘဝ၌ ဖြစ်ကြပါသနည်း” ဤသို့လျှောက်လေသည်။

“ကော နုခေါ ဘော ဂေါတမ ဟေတု ကော ပစ္စယော, ယေန မိဓေကစ္စေ သတ္တာ ကာယဿ ဘေဒါ ပရမ္မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇန္တိ, ကော နုခေါ ဘော ဂေါတမ ဟေတု ကော ပစ္စယော, ယေန မိဓေကစ္စေ သတ္တာ ကာယဿ ဘေဒါ ပရံမရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇန္တီတိ”။

ထိုအခါ ဗုဒ္ဓမြတ်စွာက ဟောပြတော်မူသည်မှာ-

(၂) “ပုဏ္ဏား…မတရား ပြုကျင့်ခြင်း မမျှတအောင် ပြုကျင့်ခြင်းကြောင့် တချို့သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးနောက် အပါယ်လေးပါး၌ဖြစ်ကြရ၏၊ တးရာမျှတစွာ ပြုကျင့်ခြင်းကြောင့် တချို့သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးနောက် ကောင်းသော (လူနတ်) ဘဝ၌ ဖြစ်ကြရသည်”။ [အဂုင်္တ္တိုရ်, ဒုကနိပါတ်, (၂) အဓိကရဏဝဂ်, ဆဋ္ဌသုတ်။]

“အဓမ္မစရိယာ ဝိသမစရိယာ ဟေတု ခေါ ဗြဟ္မဏ ဧဝ မိဓေ ကစ္စေ သတ္တာ ကာယဿ ဘေဒါ ပရမ္မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇန္တိ၊ ဓမ္မစရိယာ သမစရိယာ ဟေတု ခေါ ဗြဟ္မဏ ဧဝ မိဓေကစ္စေ သတ္တာ ကာယဿ ဘေဒါ ပရမ္မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇန္တီ တိ”။
[အဂုင်္တ္တိုရ်, ဒုကနိပါတ်, (၂) အဓိကရဏဝဂ်, ဆဋ္ဌသုတ်။]

ဆရာ။    ။ ဗုဒ္ဓမြတ်စွာ၏ တရားတော်ထဲမှာ “မတရားမမျှတသော ပြုကျင့်မှုနှင့် တရားမျှတသော ပြုကျင့်မှု” နှစ်မျိုးပါနေတယ်၊ အဲဒီနှစ်မျိုးကိုကလေးများ သိကြရဲ့လား။

တပည့်များ။        ။ မသိပါဆရာ။

ဆရာ။     ။ မသိကြလျှင် အောက်ပါတရားတော်ကို ဖတ်ကြစမ်းဦး, မတရားမှု တရားမှုတွေ ပေါ်လာလိမ့်မယ်။

ဒုစရိုက်အပြစ်ပြတရားတော်။

ဗုဒ္ဓ။         ။ အာနန္ဒာ… “ကာယဒုစရိုက်, ဝစီဒုစရိုက်, မနောဒုစရိုက် ဤသုံးပါးကို ဧကန် မပြုကျင့်ထိုက်သောတရား” ဟုငါဘုရား ဟောတော်မူသည်။

အာနန္ဒာ။  ။ ဧကန်မပြုထိုက်သော ဒုစရိုက်သုံးပါးကိုပြုလျှင် အဘယ်အပြစ်များ ရထိုက် ပါသနည်းဘုရား။

ဗုဒ္ဓ။         ။ အာနန္ဒာ… ဧကန် မပြုထိုက်သော ဒုစရိုက်သုံးပါးကို ပြုလျှင် (၁)မိမိကိုယ်တိုင် မိမိကို ပြန်၍ စွပ်စွဲကဲ့ရဲ့တတ်ခြင်း, (၂) ပညာရှိတို့က စိစိ စစ်စစ်နှင့် ကဲ့ရဲ့တတ်ခြင်း, (၃)မကောင်းသတင်း ကျော်စောတတ်ခြင်း, (၄) သေလျှင် ပါယ်လေးပါး ကျရခြင်း ဤလေးမျိုးသောမကောင်းကျိုးအပြစ်များ ရတတ်သည်။

ဧကံသေနာတိ အာနန္ဒ အကရဏီယံ ဝဒါမိ ကာယဒုစရိတံ ဝစီဒုစ္စရိတံ မနောဒုစ္စရိတံ။
ယမိဒံ္ဓ ဘန္တေ မေ ဘဂဝတော ဧကံသေန အကရဏီယံ အက္ခာတံ, ကာယဒုစ္စရိယံ ဝစီဒုစ္စရိတံ မနောဒုစ္စရတံ တသ္မိံ အကရဏီယေ ကယိရ မာနေ ကော အာဒီနဝေါ ပါဋိကခေါင်္တိ။
အဂုင်္တ္တိုရ်, ဒုကနိပါတ်, (၂) အဓိကရဏဝဂ်, အဋ္ဌမသုတ်။]


သုစရိုက် အကျိုးပြတရာတော်။

ဗုဒ္ဓ။         ။ အာနန္ဒာ… “ကာယသုစရိုက်, ဝစီသုစရိုက်, မနောသုစရိုက် ဤသုံးပါးကို ဧကန် ပြုကျင့်ထိုက်သော တရား” ဟုငါဘုရားဟောတော်မူသည်။

အာနန္ဒာ။  ။ ဧကန်ပြုကျင့်ထိုက်သော သုစရိုက်သုံးပါးကို ပြုကျင့်လျှင် (၁)မိမိကိုယ်ကို မိမိပြန်၍ မစွပ်စွဲ မကဲ့ရဲ့ခြင်း, (၂) ပညာရှိတို့က စဉ်းစဉ်းစားစားဖြင့် မစွပ်စွဲမကဲ့ရဲ့ခြင်း, (၃) ကောင်းသတင်း ကျော်စောခြင်း, (၄) သေလျှင် လူ့ပြည် နတ်ရပ်ကောင်းမြတ်သော ဘဝ၌ ဖြစ်ရခြင်း ဤလေးမျိုးသောကောင်းကျိုးများကို ရနိုင်ပေသည်။
[အဂုင်္တ္တိုရ်, ဒုကနိပါတ်, (၂) အဓိကရဏဝဂ်, အဋ္ဌမသုတ်။]


ယမိဒံ္ဓ အာနန္ဒ မယာ ဧကံသေန အကရဏီယံ အက္ခာတံ ကာယ ဒုစ္စရိတံ ဝစီဒုစ္စရိတံ မနောဒုစ္စရိတံ၊ တသ္မိံ အကရဏီယေ ကာယိရမာနေ အယံ အာဒီနဝေါ ပါဋိကခေါင်္-အတ္တနာပိ အတ္တာနံ ဥပဝဒေတိ, အနုဝိစ္စ ဝိညူ ဂရဟန္တိ, ပါပကော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂစ္ဆတိ, သံမုဠော ကာလံ ကရောတိ, ကာယဿ ဘေဒါ ပရမ္မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ  နိရယံ ဥပပဇ္ဇတိ။
[အဂုင်္တ္တိုရ်, ဒုကနိပါတ်, (၂) အဓိကရဏဝဂ်, အဋ္ဌမသုတ်။]

ဧကံသေနာဟံ အာနန္ဒ ကရဏီယံ ဝဒါမိ ကာယသုစရိတံ ဝစီသုစရိတံ မနောသုစရိတံ။
 ယမိဒံ ဘန္တေ မေ ဘဂဝတော ဧကံသေန ကရဏီယံ အက္ခာတံ, ကာယသုစရိတံ ဝစီသုစရိတံ မနောသုစရိတံ တသ္မိံ ကရဏီယေ ကယိရမာနေ ကော အာနိသံသော ပါဋိကခေါင်္တိ။
ယမိဒံ အာနန္ဒ မယာ ဧကံသေန ကရဏီယံ အက္ခာတံ ကာယသုစရိတံ ဝစီသုစရိတံ မနောသုစရိတံ၊ တသ္မိံ ကရဏီယေ ကာယိရမာနေ အယံ  အာနိသံသော ပါဋိကခေါင်္-အတ္တာပိ အတ္တာနံ န ဥပဝဒတိ, အနုဝိစ္စ ဝိညူ ပသံသန္တိ, ကလျာဏော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂစ္ဆတိ, အသံမုဠော ကာလံ ကရောတိ, ကာယဿ ဘေဒါ ပရမ္မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။
[အဂုင်္တ္တိုရ်, ဒုကနိပါတ်, (၂) အဓိကရဏဝဂ်, အဋ္ဌမသုတ်။]
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ