Sunday, September 1, 2013

"အမွေလား အမွှေလား သတိထားဖို့ "


"မေတ္တာအစေးတွေ ပြယ်ကြရသတဲ့"

“မနေ့တုန်းက ဥပုသ်နေ့လည်း ဖြစ်တော့ အားလပ်ကြလို့ မန္တလေးက ဒကာ-ဒကာမတစ်စု လာကန်တော့ကြတယ်၊ ... ဘုန်းကြီးကို ဟိုစဉ်တုန်းကအတိုင်း ကြည်ညိုရင်းစွဲ ရှိကြတဲ့ သူတွေပါပဲ၊ အဲ..သူတို့ ပြောကြ, လျှောက်ကြတဲ့အထဲမှာ... သူတို့မယ် ... တဲ့၊
ညီအစ်ကို မောင်နှမ ၇-ယောက် ရှိတာ, ဟိုတုန်းက တစ်ဦးနဲ့တစ်ဦး သိပ်ချစ်ကြတယ်...တဲ့၊ အခု အရင်လို မဟုတ်ကြတော့ဘူး...တဲ့။

“ဟဲ့...ဘယ်လိုဖြစ်ကြတာလဲ””လို့ မေးတော့ “အမွေကိစ္စ တွေပေါ့ဘုရား”တဲ့၊ 
အမေတို့ အဖေတို့က အိုကုန်ပြီ ဖြစ်လို့ ရသင့် ရထိုက်တာလေးတွေ သားသမီးတွေကို ဝေပေးတော့ “သူနည်းတယ်, ငါများတယ်”နဲ့က စတာပဲ၊ အမေတို့, အဖေတို့ အပေါ်လည်း မကျေနပ်ကြဘူး၊ ညီအစ်ကို မောင်နှမချင်းလည်း နည်းနည်းစီ စကားများကြရာက စတာပဲ...တဲ့။


ကဲ...အဲဒါသာ ကြည့်ကြပေတော့၊ ၅၂၈-သွယ် မေတ္တာနဲ့ ဖွဲ့စည်းလာခဲ့ကြတဲ့ မေတ္တာအစေးဓာတ်တွေ ပြယ်ကြရသတဲ့၊
 ဗြဟ္မစိုရ်အအေးဓာတ်တွေ ခြောက်သွေ့ကြရသတဲ့၊
ညီအစ်ကို မောင်နှမ...အလွန်ခိုင်မြဲလှပါတယ်ဆိုတဲ့ သံယောဇဉ်ကြိုးတွေ တောက်တောက် ခါးခါး ပြတ်ကြရသတဲ့၊

ဘယ်လောက် ကြောက်စရာကောင်းသလဲဆိုတာ။
ဒါကြောင့် မြတ်စွာဘုရားက ပြောတာ၊ ဒီလာဘ်လာဘ တွေဟာ “ဒါရုဏော-ခက်မာကြမ်းတမ်းတယ်တဲ့၊ ကဋုကော-ခါးစပ်စပ်အရသာလို အလွန်ခံရခက်တယ်”တဲ့၊ ဘယ်လောက် ဟုတ်ထားသလဲ။...

**မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြဝါဒမှ ကောက်နုတ်တင်ပြပါသည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ