ပေးမူကို “အပစာယန”ဟုခေါ်၏။
ထို့ကြောင့် မိမိထက် အသက်ကြီးသူ၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊
သိက္ခာတစ်မျိုးမျိုး ကြီးသူကိုဖြစ်စေ၊ အမိအဖ၊ မိကြီး မိထွေး (ဒေါ်ကြီး
ဒေါ်လေး၊ အရီးကြီး အရီးလေး)၊ ဘကြီး ဘထွေး၊ ဦးကြီး ဦးလေး စသူကို ဖြစ်စေ
ရိုသေခြင်းသည် “အပစာယန” ဖြစ်၏။
“ရိုသေ”
ဟူသည်ကား ရိုသေထိုက်သူလာလျှင် နေရာမှ ထပေးခြင်း၊ လမ်းဆုံနေပြန်လျှင်
လမ်းဖယ်ပေးခြင်း၊ ထိုသူ၏ရှေ့၌ မားမား မတ်မတ် မသွားဘဲ ရိုသေသော အမူအရာဖြင့်
ဦးခေါင်းကို ညွှတ်၍ဖြစ်စေ၊ ကိုယ်ကိုညွှတ်ကိုင်း ကုန်းကွ၍ ဖြစ်စေ သွားခြင်း၊
ရဟန်းသံဃာရှေ့မှာ ဖြစ်လျှင် လက်အုပ်ချီခြင်း စသည်တည်း။
မိမိတို့
ထုံးစံအတိုင်း ဦးထုပ်ချွတ်ခြင်း၊ ဆလံပေးခြင်း စသည်များလည်း ရိုသေခြင်းပင်
ဖြစ်၏။ ထိုသို့ အရိုအသေပေးရာ၌ စိတ်စေတနာ ရိုးရိုးဖြင့် ရိုသေမှသာ
အပစာယနကုသိုလ်ဖြစ်သည်။ စိတ်မပါဘဲ ကိုယ့်ထက် အရာကြီးသူကို
ကြောက်၍လည်းကောင်း၊ တစ်စုံတစ်ရာလာဘ်ကိုမြော်၍လည်းကောင်း ရိုသေဟန်
ဆောင်ခြင်းမှာ ကုသိုလ်မဟုတ်သည့်ပြင် လှည့်စားသော မာယာတစ်မျိုးပင် ဖြစ်သေး၏။
စဉ်းစားဖွယ်
ဦးခေါင်းညွှတ်မူ၊
ကိုယ်ကိုကိုင်းညွှတ်မူ၊ လက်အုပ်ချီမူများကို အရိုအသေပေးခြင်းဟု
အများယူဆကြသည်။ တချို့ ဗုဒ္ဓဘာသာဝင်တို့သည် ဦးခေါင်းပေါ်၌ လေးလံသော
ဝန်ထုပ်ကို ရွက်ထားရင်း ရဟန်း သံဃာကိုတွေ့မြင်သောအခါ ထိုဝန်ထုပ်ကို
ပင်ပန်းစွာ ချ၍ ရှိုးဦးချကြ၏။
အချိုကလည်း သစ်သစ်လွင်လွင် အ၀တ်ကို
ဝတ်ဆင်ပြီးလျှင် မြေကြီးပေါ်ထိုင်လျက် ရျိခိုးဦးချကြ၏။ အချို့လည်း သင်္ဘော၊
ရထား၊ လူအများ ရူပ်ထွေးသော အရပ်၌ ဖိနပ်ချွတ်၍ ရှိခိုး ဦးချကြ၏။ ထိုကဲ့သို့
ရိုသေမူကို အပြစ်ရှိသည်ဟု မဆိုလိုပါ။ စိတ်စေတနာ အမှန်အတိုင်း ရိုသေခြင်း
ဖြစ်လျှင် အမှန် အကျိုးရှိပါ၏။
သို့သော် ခေတ်ကာလအလိုက် ပြောရလျှင်
ထိုကဲ့သို့ နေရာမျိုး၌ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ လက်အုပ်ချီ
ဦးခေါင်းညွတ်ရုံ တစ်ခုခုဖြင့်လည်းကောင်း၊ “သွားပါဦးမည်၊ ဦးတင်ပါသေး”စသော
စကားဖြင့်လည်းကောင်း ရိုသေသော အမူအရာကိုပြလျှင် တော်သင့်ပေသည်ဟု
ထင်မိပါသည်။
တစ်ရံတစ်ခါ လူအလွန်ရူပ်ထွေးသော ရထား သင်္ဘောငယ် ဆရာတော်
လုပ်သူကလည်း စိတ်မအား ကိုယ်မအား၊ လာရောက်သူတို့ကလည်း အရိုအသေများများနှင့်
လူမျိုးခြားတို့က အထက်အမြင့်မှာ ထိုင်နေစဉ် ရှိခိုးဦးချသည်ကို တွေ့ရသည်မှာ
အဆင်မပြေသလို ရှိပါသည်။