ရွှေကျင်သာသနာပိုင်
ဒီပဲရင်းဆရာတော်ကြီး မိန့်တာ မှတ်ဖူးတယ်၊
“
တောင်းတွေ ပလုံးတွေ ရောင်းတာဟာ အဝေးကြီးက မြင်ရလောက်အောင်
ထုထည်ကြီးသလိုတော့
ထင်ရပါရဲ့..တဲ့၊
ရောင်းရတဲ့
အမြတ်က နည်းနည်းလေး။
စိန်,ရွှေ,ငွေ
ရောင်းဝယ်တာကျတော့ တခြားလူမသိလောက်အောင်ကို
ထုထည်သေးလိုက်တာ၊
ဒါပေမယ့် အကျိုးအမြတ်ကတော့ များလိုက်လိုက်တာ။
ဒီလိုပဲ
သာသနာတော်မှာ ‘ပကာသနဒါန’ဟာ တောင်းတွေ ပလုံးတွေ ရောင်းတာနဲ့ တူတယ်၊
သဒ္ဓါစစ်နဲ့
လုပ်တာတွေကမှ စိန်, ရွှေ, ငွေ ရောင်းတာနဲ့ တူတာတဲ့၊
ကဲ…ဘယ်လို
လုပ်ချင်ကြသလဲ။ (မဟာဂန္ဓာရုံဆရာတော်)