Wednesday, August 21, 2013

ပြုပြင်နိုင်ပါစေသတည်း


 ဗုဒ္ဓါနုဿတိ, ဘာဝနာရှိမှ,
မိမိဘာသာ,သာသနာ့ကို,
ကောင်စွာသိမြင်, စောင့်ရှောက်ချင်၏၊


စောင့်ချင်လာသော်, ကြောင်းကျိုးမြှော်က,
ခုပေါ်ကာလ, ပကာသနနှင့်,
ဒါနစုစု, ကုန်ကျမှုတို့,
အပြုဘက်မှာ, မရောက်လာဘဲ,
ဖျက်ရာသို့ပင်, အများဝင်၏။


သို့စင်သာသနာ, ပြုလိုပါမူ,
ပကာသန, မပါကြဘဲ,
ဒါနစုစု, ကောင်းအောင်းပြုလော့၊
တစ်ခုဒါန, ပါရုံမျှဖြင့်,
သံသာရကြီး, လမ်းခရီးကား,
ဘယ်နည်းနှင့်မျှ,မဖြောင့်ကြဘူး။



သီလအကျင့်,လုံအောင်ကျင့်လျက်,
အသင့်မေတ္တာ, ကရုဏာနှင့်,
သစ္စာခန္တီ, စိတ်လည်းရှည်၍,
ကိုယ်စီစိတ်မှု, ဖြောင့်အောင်ပြုမှ, ယခုလည်းကောင်း,နောင်လည်းကောင်းလိမ့်။


အကောင်းဖုံဖုံ, အကုန်စုံလျှင်,
ပြည်ဘုံအမတ, နိဗ္ဗာနကို,
ရဖို့အကြောင်း, ဆုမတောင်းလည်း,
သူကောင်းစံဖို့,ခေမာမြို့ကား,
ငါတို့တွက်တာ,အနီးမှာတည်း။


မှန်စွာလမ်းစဉ်, ဤသို့မြင်၍,
လူရှင်များစု,သာသနာပြုဘို့,
ယခုနောက်နှောင်း,အချိန်ကောင်းသဖြင့်,
စုပေါင်းသေချာ, စီရင်ပါသည်....ဗုဒ္ဓါနုဿတိ-နုဿတိ။


(မဟာဂန္ဓာရုံဆရာတော်၏ ဗုဒ္ဓါနုဿတိဘာဝနာကျမ်းနိဂုံးမှ)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ