Thursday, February 14, 2013

သဒ္ဓါဗုဒ္ဓဘာသာ ၊ ပညာဗုဒ္ဓဘာသာ


စစ်မှန်၍ အထက်တန်းကျသော ဗုဒ္ဓဘာသာဝင် တစ်ဦးအဖြစ် ပျိုးထောင်ရာ၌ သဒ္ဓါတရားချည်းသက်သက်ဖြင့် မလုံလောက်ပါ။

သဒ္ဓါနှင့်ပညာ ယှဉ်မှသာလျှင်
မိမိ၏အကျိုး ၊ သာသနာ့အကျိုး နှစ်မျိုးစလုံးအတွက် တန်ဖိုးရှိသော အထက်တန်းစား ဗုဒ္ဓဘာသာဝင် ဖြစ်လာပေလိမ့်မည်။

ဤသည်နှင့်စပ်လျဉ်း၍
ကျေးဇူးရှင် သပြေကန်ဆရာတော်ကြီး အရှင်ဝါသေဋ္ဌာဘိဝံသ ၏ အဆုံးအမတော်ကို အစဉ်ထာဝရ နှလုံးသွင်းအပ်လှပါသည်။

“ သဒ္ဓါ ဗုဒ္ဓဘာသာ ၊ ပညာ ဗုဒ္ဓဘာသာလို့ နှစ်မျိုးရှိတယ်။

သဒ္ဓါ ဗုဒ္ဓဘာသာဆိုတာက
မိရိုးဖလာ ဗုဒ္ဓဘာသာတွေက ဗုဒ္ဓဘာသာဖြစ်လို့ ဗုဒ္ဓဘာသာဖြစ်နေကြတာ၊ ဗုဒ္ဓဘာသာနဲ့စပ်ပြီးတော့ ဘာမှ မည်မည်ရရ ကောင်းကောင်းမွန်မွန်တော့ သိတာမဟုတ်ဘူး။

“ ပညာဗုဒ္ဓဘာသာဆိုတာက
ဘုရားအကြောင်းသိတယ်။
တရားအကြောင်းသိတယ်။
သံဃာအကြောင်းသိတယ်။
ကုသိုလ်ကောင်းမှုတွေရဲ့အကြောင်းသိတယ်။

တော်တော် ရေရေလည်လည် သိပြီးတော့
ဘုရားကိုးကွယ်ကြ ၊ တရားကိုးကွယ်ကြ ၊ သံဃာကိုးကွယ်ကြတဲ့ ပုဂ္ဂိုလ်တွေကျတော့ ပညာဗုဒ္ဓဘာသာခေါ်တယ်။

လောကမှာ သဒ္ဓါ ဗုဒ္ဓဘာသာ သက်သက်ဆိုရင် ကုသိုလ်တော့ရတာပေါ့။ လေးလေးနက်နက်တော့မရှိလှဘူး။

ဒါနပြုရင် ကောင်းကျိုးများများရတယ်လို့ နားမလည်ကြဘူး။ သီလဆောက်တည်ရင်လည်း ဘယ်လိုဆောက်တည်တာက အကျိုးရှိတယ်။ သည်လိုကောင်းကောင်း ရေရေလည်လည် နားလည်တာ မဟုတ်ဘူး။

ဘာဝနာစီးဖြန်းလည်း အတူတူပဲ။
ကောင်းကောင်းမွန်မွန် နားလည်ရမယ်။

အဲသလို ဗုဒ္ဓဘာသာနဲ့ဆိုင်ရာ ဘယ်ကိစ္စပဲဆောင်ရွက် ဆောက်ရွက်နားလည်မှုတော့ သိပ်မရှိလှဘူး။
ဒါပေမယ့် ကုသိုလ်တော့ သိကြတာပဲ။

အဲဒါမျိုးကို သဒ္ဓါဗုဒ္ဓဘာသာလို့ခေါ်တယ်။

အဲသလိုမဟုတ်ဘဲနဲ့ ကိုယ်က ဥာဏ်ရှိတယ်။
ဘုရားတရားတော်တွေကို တက်နိုင်သလောက် လေ့လာထားတော့ ဘယ်လိုရှုရင် အကျိုးရှိတယ်။
ဘယ်လိုရှုရင် အကျိုးမရှိဘူး နားလည်တယ်။
ဘုရားကို ဘယ်လိုလှူရင် အကျိုးရှိတယ်။
ဘယ်လိုလှူရင် အကျိုးမရှိဘူး ဆိုတာ နားလည်ထားတယ်။

အဲသည်တော့ နားလည်မှုဟာ အင်မတန် အရေးကြီးတယ်။
နားလည်မှုရှိမှ ကိုးကွယ်မှုဟာ လေးနက်တယ်။
လေးနက်မှ အကျိုးများလည်း ကောင်းကောင်းရတက်တယ်။

ဒါကြောင့်
ပညာဗုဒ္ဓဘာသာဆိုတဲ့ ပညာရှိတဲ့ ဗုဒ္ဓဘာသာဖြစ်ဖို့ အရေးကြီးတယ် ” ဟူ၍ ဆုံးမတော်မူခဲ့ပါသည် ။

(ကျေးဇူးရှင် သပြေကန်ဆရာတော်ကြီး အရှင်ဝါသေဋ္ဌာဘိဝံသ)

*****************
မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် မှ
ကောက်နုတ်ပူဇော်ပါသည်။


Ye Win Tun facebook မှ ကူးယူဖော်ပြပါသည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ