Friday, December 7, 2012

မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြဝါဒ {၆} (ကိုယ့်ကိုယ်ကို ချစ်တတ်ကြပါစေ)



ကိုယ့်ကိုယ်ကို ချစ်တတ်ကြပါစေ

          ကုသိုလ်ကို ချင်စရာ                

          တို့ တဏှာသာ မရှိရင် နေ မကောင်း   ပွားများနေလျှင်  ဘူးလား၊ ဒီလောကကြီးမှာ ရူပါရုံကို ကြည့်တော့ ဘာဖြစ်မလဲ၊ တဏှာ မဖြစ်ပေဘူး လား၊ ကူလီတွေ ပိုက်ဆံလိုချင်လို့ လုပ်ကြရတာ မဟုတ်လား၊ လိုချင်တာဟာလဲ တဏှာ လောဘပဲ၊ တဏှာ လောဘတွေ ရှိနေလို့သာ ကုသိုလ်စိတ်တွေ မဖြစ်တာ၊ ကုသိုလ်ကို ပွားများ နေတဲ့အခါ တဏှာ လောဘ မဖြစ်ဘူး၊ ပီတိ သောမနဿတွေ ဖြစ်နေတယ်။

          သံဃာ့ပစ္စည်း  ရိုသေကြ                           

          အဲဒါကြောင့် ဘုန်းကြီးက ဘုရားကို အာရုံပြုခိုင်းရတာ၊  ဘုရား  အာရုံပြုကြ၊ သဒ္ဓါ တရား ကောင်းကောင်းထားကြ၊ မနေ့က ဒါယိကာမတစ်ယောက် စာအုပ်(၂၄)အုပ် လာလှူသွားတယ်၊ ဝိနည်းစူဠဝါ, ပါရာဇိကဏ်, ပရိဝါ, ပါစိတ်, အင်္ဂုတ္တိုရ်ပါဠိတော် အဋ္ဌကထာ၊ အဲဒီ စာအုပ်တွေဟာ သံဃိကစာအုပ်တွေ၊ ငှားကြည့်တဲ့ ပုဂ္ဂိုလ်များကလဲ အနက်မတေးကြနဲ့၊ ကိုယ့် စာအုပ်ဆိုရင်တော့ တေးချင် တေးပေါ့။

          ဦးဣန္ဒောတို့က မတေးဖို့ရာ တားမြစ်ကြ၊ စာအုပ်တွေကိုလဲ မကြာခဏ ပြန်စစ်ပေးကြပါ၊ တချို့က စာအုပ်ကို ရောင်းစား ကြတယ်၊ သံဃာ့ပစ္စည်းဆိုတာ ကိုယ့်ပစ္စည်းထက် ရိုရိုသေသေ ကိုင်ရတယ်၊ ဒါကို ကြပ်ကြပ် သတိထားကြ။

          ကုသိုလ်မယူ ငရဲယူ                       

          လူတွေဟာ ကုသိုလ်ယူရမယ့်နေရာမှာ ငရဲယူကြတယ်၊ ဘုရားပွင့်လာတော့ လူကောင်းတွေအဖို့မှာ ကုသိုလ်များတယ်၊ မကောင်းတဲ့လူတွေ အဖို့မှာ အကုသိုလ်များတယ်၊ တို့ဘုရား ပွင့်လာတော့ တိတ္ထိ တွေ အဖို့မှာ အကုသိုလ်မများပေဘူးလား၊

          မာဂဏ္ဍီတို့မိသားစု ကြည့်ပါလား၊ မြတ်စွာဘုရားက ပုဏ္ဏားကြီးဇနီးမောင်နှံကို ဘာပြောသလဲ၊ "ငါဘုရားဟာ မာရ်နတ်သားရဲ့ သမီးတော်များ ဖြစ်ကြတဲ့ တဏှာ, အရတီ, ရာဂါတို့အပေါ်မှာတောင် ဘာမှ မဖြစ်ပါဘဲနဲ့ သင့်သမီးလို ကျင်ကြီး ကျင်ငယ်တွေ ပြည့်နေတဲ့ မာဂဏ္ဍီကို ငါဘုရားက ခြေဖျားနဲ့တောင် မတို့လိုဘူး"လို့ ဒီလို ပြောလိုက်တော့ မာဂဏ္ဍီဟာ ဘုရားအပေါ်မှာ ရန်ငြိုးဖွဲ့ပြီး တိတ္ထိတွေကို အဆဲခိုင်းတာပဲ မဟုတ်လား၊ သူတို့မှာ ကုသိုလ် မရဘဲ ငရဲရတာပေါ့။

          ယူတတ်တော့ တရား                     

          မာဂဏ္ဍီရဲ့  အဖေ အမေတို့ကျတော့ ဘုရားတရားတော်ကို ကြားရတယ်ဆိုရင်ပဲ အနာဂါမ်       တွေ ဖြစ်ကုန်ကြတယ်၊ တချို့မှာ ဘုရားအသံ ကြားရတော့  ကုသိုလ် မဖြစ်ဘဲ အကုသိုလ် ဖြစ်ကြရတယ်၊ ဒါ့ကြောင့် ကိုရင်တို့ တရားကို ယူတတ်အောင် ယူတတ်ကြရတယ်၊ ဘုရား ပွင့်လာတာဟာ တို့အတွက် ပွင့်လာတာပဲလို့ သိထားကြ၊ ဘုရားသာသနာနဲ့ တွေ့တုန်း အချိန်အခါမှာ တွေ့ရကျိုးနပ်အောင် နေကြ ထိုင်ကြ၊ သာသနာနဲ့တွေ့တဲ့ အခါမှာ ငရဲ မရကြစေနဲ့၊ နောင် သာသနာနဲ့ ပြန်တွေ့ဖို့ဆိုတာ မလွယ်ဘူး၊ ဒီတစ်ခါ သာသနာနဲ့ လွဲသွားရင် ကိုရင်တို့ မလွယ်တော့ဘူး၊

          တဏှာကျေးကျွန်                

          ဒီလောကကြီးဟာ အလကားပဲ၊ ခန္ဓာဝန် မကောင်းတော့  ဒီ့ပြင် ဟာတွေလဲ မကောင်းတော့ဘူး၊ အေး-တို့ ဒါတွေကို တွေးရ ကြံရမယ်၊ မတွေးတော့ တဏှာ လောဘ ဖြစ်လာမယ်၊ သတ္တဝါတွေဟာ တဏှာစေခိုင်းရာကို သွားနေရတာ၊ တဏှာဟာ တကယ်တော့ ဘယ်သူ့မှ ချမ်းသာမပေးဘူး။

          နိုင်ငံမှာ ခေါင်းဆောင်ဆိုတဲ့ ပုဂ္ဂိုလ်တွေကိုလဲ သူက စေခိုင်း နေတယ်၊ သူ့ရဲ့လှည့်ကွက်ဟူသမျှကို သတ္တဝါတွေ ခံနေကြ ရတယ်၊ သွားလိုက်ç စားလိုက်ç ရှာဖွေလိုက်ç သူဆွဲကိုင်ရာကို ပါနေရတာ၊ တရားနည်းနဲ့ ရှာကြည့်တော့ ဒီခန္ဓာဝန် ဘယ် နည်းနဲ့မှ မကောင်းဘူး။

          လောကချမ်းသာ                 

          ဒီလောကချမ်းသာတွေဟာ  အကောင်း          ချမ်းသာတွေလဲ ရှိတယ်၊(တရားသဖြင့်ကို ဆိုလိုပါသည်၊) တဏှာ လောဘကြောင့် ချမ်းသာတွေလဲ ရှိတယ်၊ ဒါတွေဟာ ခန္ဓာဝန်လေးကြောင်း ပြတယ်၊ အိုရတယ်၊ နာရတယ်၊

          ဒါတွေဟာ ခန္ဓာဝန်နဲ့ စပ်နေတယ်၊ အပါယ် လေးပါးဟာလဲ ခန္ဓာဝန်နဲ့ စပ်နေတယ်၊ အပါယ်လေးပါး ပို့ပေးတာလဲ ဒီခန္ဓာဝန်ပဲ၊ ဒါကြောင့် ကိုရင်တို့ အပြင်ဘန်း ချမ်းသာတွေကို မစဉ်းစားကြပါနဲ့၊ ကိုယ်, စိတ်ချမ်းသာဖို့ရာ ကိုသာ စဉ်းစားကြပါ၊ ရှေးရှုကြပါ။

          တရားလက်မလွတ် ကြပါနဲ့                                  

          ဒီ ခန္ဓာဝန် ရလာတာ  အကောင်းရ, မကောင်းရ  ရှိတယ်၊  ခန္ဓာဝန်ကို အသုံးချတတ်တဲ့ ပုဂ္ဂိုလ်တွေအဖို့ တော့ အကောင်းရပေါ့၊ အသုံးမချတတ်တဲ့ ပုဂ္ဂိုလ်တွေအဖို့ တော့  မကောင်းရဘဲ၊  တချို့က  ဒီခန္ဓာဝန်  ရလာတော့ အကုသိုလ်တွေနဲ့ အသုံးချကြတယ်၊

          သူ့အသက် သတ်ကြ, သူ့ဥစ္စာတွေ မတရား ယူကြ, သူတစ်ပါး သားမယား မတရား ပြစ်မှားကြ, လိမ်ညာ ပြောကြç သေရည် သေရက်တွေ သောက် ကြ၊ ဒါ ကိုယ့်ကိုယ်ကို မချစ်တတ်တာပဲ၊ ကိုယ့်ကိုယ်ကို ချစ်တတ်တဲ့ သူတွေက တရားကို လက်ကိုင်ထားကြတယ်၊ ဒါကြောင့် ကိုရင်တို့ ကိုယ့်ကိုယ်ကို ချစ်တတ်အောင် လုပ်ကြ၊ တရားလက်လွတ် မလုပ်ကြနဲ့။

          အတ္တသမံ ပေမံ နတ္ထိ  

          လောကကြီးမှာ ကိုယ့်ကိုယ်ကို အချစ်ဆုံးလို့ ဆိုကြတယ်၊ ကိုယ့်ကိုယ်ကို ချစ်ရင် ကောင်းသည်ထက်ကောင်းအောင် ကြိုးစားကြရတယ်၊ တချို့ ကိုယ့်ကိုယ်ကို ချစ်တယ်သာဆိုတာ ချစ်ရာ မရောက် ကြဘူး၊ ဒါယကာ ဒါယိကာမ ကြည်ညိုကိုးကွယ်မှု လာဘ် လာဘ ပေါများမှု ဒါတွေ အပေါ်မှာ ဝဲလည်ပြီး နစ်မြုပ်နေ ကြတယ်၊ ဒါ ကိုယ့်ကိုယ်ကို ချစ်တာ မဟုတ်ဘူး၊ နှစ်နေ ကြတာ၊ ကဲ- သွားကြတော့။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ