Sunday, December 2, 2012

တောကြီးထဲ၌ တစ်ပါးတည်းနေရုံမျှဖြင့် ကိစ္စမပြီးပုံ


 
မာနကာမသုတ်

တရားတော် = တောကြီးထဲ၌ တစ်ပါးတည်းနေရုံမျှဖြင့် ကိစ္စမပြီးပုံ။

♣♣ နတ်သား ။   ။ န မာနကာမဿ ဒမော ဣဓတ္ထိ၊ န မောနမတ္ထိ အသမာဟိတဿ။
                        ဧေကာ အရေည ဝိဟရံ ပမေတၲာ၊ န မစၥဳေဓယ်ႆ တေရယ် ပါရံ။

ထောင်လွှားတက်ကြွ မာန်မာနကို လိုလားသောပုဂ္ဂိုလ်၏သန္တာန်၌ တည်ကြည်မှုနှင့်စပ်သော ဆုံးမကြောင်းတရားသည် မရှိနိုင်။ တည်ကြည်မှုမရှိသောပုဂ္ဂိုလ်၏သန္တာန်၌ သစ္စာလေးအင်ကို သိမြင်တတ်သော ဉာဏ်ပညာမရှိနိုင်။ တောထဲ၌ တစ်ပါးတည်းနေသော်လည်း မေ့လျော့ပေါ့ ဆသောပုဂ္ဂိုလ်သည် သေမင်းသည် ထူထောင်ထားအပ်သော တေဘူမက ဝဋ်ဒုက္ခ၏ ဟိုမှာဖက် ကမ်း နိဗ္ဗာန်နန်းသို့ မကူးမြောက်နိုင်။
 
 ♣♣ ဘုရားရှင် ။   ။  မာနံ ပဟာယ သုသမာဟိတတ္တော၊
                         သုစေတသော သဗ္ဗဓိ ဝိပ္ပမုတ္တော။
                         ဧကော အရညေ ဝိဟရံ အပ္ပမတ္တော၊
                         သ မစၥဳေဓယ်ႆ တေရယ် ပါရံ။

ထောင်လွှားတက်ြွက ၉-ပါးသောမာန်မာနကို ပယ်ချိုး၍ ကောင်းစွာတည်ကြည်သောစိတ်၊ ကောင်းသောဉာဏ်ပညာပါသောစိတ်ရှိသည်ဖြစ်၍ အလုံးစုံသောခန္ဓာ အာယတနစသည်တို့မှ လွတ်မြောက်ပြီးလျှင် တစ်ပါးတည်း တော၌ မမေ့မလျော့နေသောပုဂ္ဂိုလ်သည်သာ သေမင်း သည် ထူထောင်ထားအပ်သော တေဘူမက ဝဋ်ဒုက္ခ၏ ဟိုမှာဖက်ကမ်း နိဗ္ဗာန်နန်းသို့ လျင်စွာ ထုတ်ချောက် ကူးမြောက်နိုင်၏။

♣♣ မာန ၉-မျိုး


လောက၌ (၁) အထက်တန်းစား (၂) အလတ်တန်းစား (၃) အောက်တန်းစားဟု ပုဂ္ဂိုလ်
၃-မျိုးရှိ၏။

တစ်မျိုးတစ်မျိုး၌ (က) သေယျမာန်=ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာ ပညာအဆင်းစသည်အားဖြင့် တစ်ဖက်ဖက်က သူတစ်ပါးထက် မြတ်၏, သာ၏ဟု မှတ်ထင်မာန်မူခြင်း။

(ခ) သဒိသမာန်=ထိုရာထူးဂုဏ်သိန် စသည်အားဖြင့် ''သင်းတို့နှင့်ငါ ဘာထူးသလဲ, အတူတူပဲ''ဟု မှတ်ထင်မာန်မူခြင်း။

(ဂ) ဟီနမာန်=''သူတို့အောက်ကျနေကော ငါက ဘာအရေးစိုက်ရမှာလဲ, ကိုယ့်ရှိမှ ကိုယ်စားရတာပဲ''စသည်ဖြင့် မှတ်ထင်မာန်မူခြင်း။ ဤသို့ ၃-ပါးစီပြားသောကြောင့် မာန(၉)ပါးဖြစ်၏။


♣♣ မဟာဂန္ဓာရုံ မဟာနာယကချုပ်ဆရာတော်၏ သဂါထာဝဂ္ဂသံယုတ် မြန်မာဘာသာဋီကာ မှ
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ