Wednesday, December 19, 2012

သိမ်အတွင်း၌ ဒါယိကာမများ ဝင်နိုင်ပါသလား


 အမေး။ ။ သိမ်အတွင်း၌ ဒါယိကာမများ ဝင်နိုင်ပါသလား။ မဝင်ရဟု တားမြစ်ထားလျှင် ဝင်လျှင်မည်သို့ အပြစ်ရှိပါသနည်း။

အဖြေ။ ။သိမ်အတွင်း၌ ဒါယိကာမတို့ ဝင်နိုင်ပါ၏။ မည်သူကမျှ မတားမြစ်ထိုက်ပါ။တားမြစ်စေကာမူ တရားတော်နှင့် မညီသောကြောင့် ဝင်သူမှာ အပြစ်မရှိပါ။

'သိမ်'ဟူသော ပါဠိပျက်စကားသည် အပိုင်းအခြား ဟူသော အဓိပ္ပာယ်ကို ပြ၏။ ထိုသိမ်သည် အငယ်ဆုံးအားဖြင့် ၂-ကျိပ် ၁-ယောက် ထိုင်လောက်သော နေရာဖြစ်၏။ အကြီးအားဖြင့် ၃-ယူဇနာတိုင်အောင် ကြီးကျယ်နိုင်၏။

ဘုရားလက်ထက်တော်၌ ရာဇဂြိဟ်မြို့ကို ပတ်ဝိုက်၍ ကျောင်းတိုက်ပေါင်း တစ်ဆယ့်ရှစ်တိုက် ရှိ၏။ ထိုကျောင်းတိုက်အားလုံးကို ခြုံမိအောင် အရှင်သာရိပုတ္တရာသည် သိမ်သမုတ်တော်မူ၏။
(ဝိနည်း မဟာဝါ၊ ဥပေါသထက္ခန္ဓက အဋ္ဌကထာ)


ထိုသို့ သိမ်သမုတ်လိုက်သောအခါ ရာဇဂြိုဟ်မြို့ကြီးသည် သိမ်အတွင်း၌ ပါဝင်နေ၏။ ထိုသိမ်အတွင်းမှာပင် အိမ်ထောင်ပြုကြ မွေးဖွားကြရလေ၏။

မဟာဂန္ဓာရုံဆရာတော်
အရှင်ဇနကာဘိဝံသ အဖြေ
ဘာသာရေး ပြဿနာများ စာအုပ်မှ။


ဒီနေရာလေးမှာ တွေ့လို့ ဝေငှလိုက်ပါတယ်။

အားလုံး အမြင်မှန်ရကြပါစေသော်
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ