Monday, December 10, 2012

♣ တန်ဆာ ♣


 
သူမြတ်လူသား၊ ဥစ္စာကား၊ အများကောင်းကျိုးဆင့်။
ရွက်ဆောင်ခြင်းသာ၊ တင့်တယ်ပါ၊ ရောင်ဝါ တ၀င့်တ၀င့်၊

လက်ကိုဆိုက၊ အသုံးချ၊ ဒါနပြုသဖြင့်။
လက်စွပ်မျှဆင်၊ ဘယ်မယဉ်၊ ရောင်ရှင်လင်းမပွင့်။
လက်ကောက်မျှဆင်၊ ဘယ်မယဉ်၊ ရောင်ရှင်လင်းမပွင့်။

နားကိုဆိုလျှင် တန်ဆာဆင်၊ ကြားမြင်သုတဖြင့်၊
နားကပ်မျှဆင်၊ ဘယ်မယဉ်၊ ရောင်ရှင်လင်းမပွင့်၊
နားဆွဲမျှဆင်၊ ဘယ်မယဉ်၊ ရောင်ရှင်လင်းမပွင့်။

အသက်၏ဂုဏ်၊ ရှူရှိုက်ရုံ၊ ရောင်ဟုန်လင်းမပွင့်။
ဝိပဿနာလျှင်၊ တန်ဆာဆင်၊ ရောင်ရှင်လင်၍ပွင့်၊
ဘာဝနာဉာဏ်လျှင်၊ တန်ဆာဆင်၊ ရောင်ရှင်လင်း၍ပွင့်။

(ရွှေကျင်ဆရာတော်သြ၀ါဒဟု နာယကချုပ်ဆရာတော် အမိန့်ရှိဖူးသည်။)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ