ပင်အထက်မှာလ
ရွှင်လျက်ထိန်ကြည်ဖြာသနဲ့
စိန်စီညှာ ဥပမေပြရမှာဖြင့်
ဣန္ဒနီလာ ရှူလေ မဝ ပါတဲ့
နုဝေမြ ရွက်ညိုညို
လတပေါင်းပေမို့
မြစောင်းမှာ အဝါချယ်လို့
ညှာမတွယ်လေအသုတ်မှာဖြင့်
ကြွေပြုတ်ခါမြေမှာလျောင်းပါ ပေါ့
ဟောင်းပျက်လို့ပြို
မနှစ်ဦးကတော့
ပုရစ်ဖူးလေးတွေ နီတျာတျာ နဲ့
မမီပါ လှပုံထူးပေမဲ့
သည်အခါ မရဏ ဘုံ ကူးကုန်ပေါ့
ခဏတစ်ဖုံ မြူးတာက မြဲမလိုလို
အသဲဖိုမိပါရဲ့ ဘာမျှ မခိုင်မာဘဲ
ထုတ်ဖွင့်ပြန်လျှင်
ရုပ်နှင့်နာမ် သည်ခန္ဓာလည်း
စံပမာ ပင်ရွက်လိုမို့
မကြံသာ အစဉ်ပျက်ပါကလား
ခင်မက်ဖွယ်ထင်သာထင်ရ
ပြင်ကာဆင် ခဏ ညှိုးပါတဲ့
ဆင်ခြင်လျှင် မရဏ မျိုးပေမို့
ဆ တိုးကာ ယိုင်ချာချာနှင့်
ဂနိုင်ညှာ ရွက်ညိုထုံး လိုပေါ့
မခိုင်မာပျက်ပြိုလို့ဆုံးကြ တယ်
လုံး. ဝ. မမြဲ။ (တည်တောဆရာတော်)
နုဝေမြ ရွက်ညိုညို
လတပေါင်းပေမို့
မြစောင်းမှာ အဝါချယ်လို့
ညှာမတွယ်လေအသုတ်မှာဖြင့်
ကြွေပြုတ်ခါမြေမှာလျောင်းပါ
ဟောင်းပျက်လို့ပြို
မနှစ်ဦးကတော့
ပုရစ်ဖူးလေးတွေ နီတျာတျာ နဲ့
မမီပါ လှပုံထူးပေမဲ့
သည်အခါ မရဏ ဘုံ ကူးကုန်ပေါ့
ခဏတစ်ဖုံ မြူးတာက မြဲမလိုလို
အသဲဖိုမိပါရဲ့ ဘာမျှ မခိုင်မာဘဲ
ထုတ်ဖွင့်ပြန်လျှင်
ရုပ်နှင့်နာမ် သည်ခန္ဓာလည်း
စံပမာ ပင်ရွက်လိုမို့
မကြံသာ အစဉ်ပျက်ပါကလား
ခင်မက်ဖွယ်ထင်သာထင်ရ
ပြင်ကာဆင် ခဏ ညှိုးပါတဲ့
ဆင်ခြင်လျှင် မရဏ မျိုးပေမို့
ဆ တိုးကာ ယိုင်ချာချာနှင့်
ဂနိုင်ညှာ ရွက်ညိုထုံး လိုပေါ့
မခိုင်မာပျက်ပြိုလို့ဆုံးကြ
လုံး. ဝ. မမြဲ။ (တည်တောဆရာတော်)
facebook မှ ကူးယူဖော်ပြပါသည်။
