ညို့ကုန်းယံ ချောက်နံဘေးမှာလ
တို့ဘုန်းကံအလျောက် မွေးရော့ထင်
တစ်ခေါက်ပြေးမှဖြင့် မိုးထိုးမယောင်
ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်။
နှစ်ကိုယ်ချို့တာကြောင့်
ချိုဘို့တူ နွားပြာတုတ်တွေနဲ့
ပျိုတို့လူ ယာမလုပ်တယ်
အားထုတ်မယ့် မောင်မှာနော်ကွယ်
ဝါးခုတ်တဲ့တောင်။
ဟဲ့ဆိုကာ ကြိမ်တံမြှောက်မှဖြင့်
လှည့်လိုရာ တိမ်ယံရောက်နိုင်ငဲ့
အိမ်ခြံပေါက်ပါတဲ့ နွားညီနောင်
စားအီအောင်ဗျ ညနေစောင်း
အားစည်အောင်ပ ၀စေကျောင်း။
ဆောင်ခွင့်ကိုရွယ်
မောင်နှင့်မယ် တူယှဉ်တွဲပါလို့
နောင်တင့်တယ် လူမြင်ရဲခါမှ
ယူငင်ကာ ချူဆင်လို့ ဆွဲပါ့မယ်
ပွဲဝင်မယ့် ချောင်းသူရဲ့
လှည်းယဉ်နဲ့မောင်း။
သတိုးပီယ
ခက်ဆစ်အဖွင့်
ညို့ကုန်းယံ= ညို့မှိုင်းသော ကုန်းရိုး။
ချိုဘို့တူ= ဦးချိုလည်းတူ၊ ဘို့လည်းတူသော။
နွားပြာတုတ်= တုတ်ခိုင်သော နွားပြာ။
တိမ်ယံရောက်= တိမ်ဖျားရောက်။
လှည်းယဉ်= အမြန်မောင်းနှင်နိုင်ရန်နှင့် သက်သာစွာ စီးနင်းနိုင်ရန် ပြုပြင်တည်ဆောက်ထားသော ပေါ့ပါးသော လှည်း။
နှစ်ကိုယ်ချို့တာကြောင့်
ချိုဘို့တူ နွားပြာတုတ်တွေနဲ့
ပျိုတို့လူ ယာမလုပ်တယ်
အားထုတ်မယ့် မောင်မှာနော်ကွယ်
ဝါးခုတ်တဲ့တောင်။
ဟဲ့ဆိုကာ ကြိမ်တံမြှောက်မှဖြင့်
လှည့်လိုရာ တိမ်ယံရောက်နိုင်ငဲ့
အိမ်ခြံပေါက်ပါတဲ့ နွားညီနောင်
စားအီအောင်ဗျ ညနေစောင်း
အားစည်အောင်ပ ၀စေကျောင်း။
ဆောင်ခွင့်ကိုရွယ်
မောင်နှင့်မယ် တူယှဉ်တွဲပါလို့
နောင်တင့်တယ် လူမြင်ရဲခါမှ
ယူငင်ကာ ချူဆင်လို့ ဆွဲပါ့မယ်
ပွဲဝင်မယ့် ချောင်းသူရဲ့
လှည်းယဉ်နဲ့မောင်း။
သတိုးပီယ
ခက်ဆစ်အဖွင့်
ညို့ကုန်းယံ= ညို့မှိုင်းသော ကုန်းရိုး။
ချိုဘို့တူ= ဦးချိုလည်းတူ၊ ဘို့လည်းတူသော။
နွားပြာတုတ်= တုတ်ခိုင်သော နွားပြာ။
တိမ်ယံရောက်= တိမ်ဖျားရောက်။
လှည်းယဉ်= အမြန်မောင်းနှင်နိုင်ရန်နှင
ဒီနေရာလေးကနေ ကူးယူတင်ပြလိုက်တာပါ။ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ...