အပြစ်(၆)ပါးကင်းသောနေရာ
အသိအလိမ္မာ ဉာဏ်ပညာရှိသော
အမျိုးကောင်းသား အမျိုးကောင်းသမီး များသည် လေးစားထိုက်သော ပုဂ္ဂိုလ်များ၏အထံသို့ ချဉ်းကပ်သောအခါ...
(၁) ဝေးလွန်းသောအရပ်။
(၂) နီးကပ်လွန်းသောအရပ်။
(၄) မြင့်မောက်သောအရပ်။
(၃) လေညာတည့်တည့်အရပ်။
(၅) ရှေ့တည့်တည့်အရပ်။
(၆) နောက်ကျောတည့်တည့်အရပ်။
အရပ်(၆)ပါးနှင့် အပြစ်
အထက်တွင် ဖော်ပြအပ်ခဲ့သော
အရပ်(၆)ပါးတို့တွင်...
၁။ ဝေးလွန်းသောအရပ်၌ နေသူသည် စကားပြောသောအခါ ကျယ်လောင်စွာ
ဟစ်အော်ပြောဆိုရမည်ဖြစ်သောကြောင့်လည်းကောင်း၊
၂။ နီးလွန်းသောအရပ်၌ နေသူသည် လေးစားထိုက်သူနှင့်
မိမိတို့ ကိုယ်လက်စသည် ထိမိခိုက်မိပွတ်တိုက်မိရှိတတ်သောကြောင့်လည်းကောင်း၊
၃။ လေညာ၌နေသူသည် မိမိကိုယ်မှ မကောင်းသည့်အနံ့အသက်များဖြင့် လေးစားထိုက်သူပုဂ္ဂိုလ်အား နံစော်စေကာ နှိပ်စက်သကဲ့သို့ ဖြစ်တတ်သောကြောင့်လည်းကောင်း၊
၎။ မြင့်မောက်ရာအရပ်၌ နေသူသည် လေးစားထိုက်သောပုဂ္ဂိုလ်အပေါ်၌
မရိုသေ မလေးစားရာ ရောက်သောကြောင့်လည်းကောင်း၊
၅။ ရှေ့တည့်တည့် မျက်နှာချင်းဆိုင်အရပ်၌ နေသူသည်
တစ်ဦးကိုတစ်ဦးကြည့်ရှုသောအခါ မျက်စိချင်းချင်း ထိခိုက်မိမတတ် ကြည့်ရှုရတတ်သောကြောင့်လည်းကောင်း၊
၆။ နောက်ကျောတည့်တည့်အရပ်၌ နေသူသည် ကြည့်ရှုလိုသောအခါ သမင်လည်ပြန် နောက်သို့လှည့်၍လှန်၍
ကြည့်ရှုပြောဆိုနေရသောကြောင့်လည်းကောင်း အပြစ်မကင်းကြချေ။ (အဋ္ဌကထာ)
♣♣ မဟာဂန္ဓာရုံ
မဟာနာယကချုပ်ဆရာတော်၏ သဂါထာဝဂ္ဂသံယုတ် မြန်မာဘာသာဋီကာ မှ
