Saturday, November 10, 2012

ခရီးသည်


 
ဒီမှာခိုနား မှေးစက်ရင်း ပျော်ပျော်သွားလိုက်တာ
ငါခရီးသွားဆိုတာကို မေ့သွားလောက်အောင်ပါပဲ။

နားခိုရာက ဆွဲဆောင်မှုကောင်းလွန်းလို့
လှမ်းလက်စခြေလှမ်းတွေတောင် တွန့်ဆုတ်စေခဲ့တယ်။

ကောင်းတာတွေပြောကြားပြီး အားပေးတဲ့ရောင်းရင်းတွေ
ဆိုးတာတွေပြောပြပြီး အရောင်သွေးပေးတဲ့ မိတ်ဆွေတွေ
ရသတစ်ခုခုကို ခံစားခွင့် ရအောင် ဖန်တီးတဲ့ ဘ၀တူ ဘော်ဒါတွေ
အားလုံး အားလုံးကို ကျေးဇူးအထူးပါပဲ။

တစ်ခါတစ်လေ လက်ယမ်းခွင့် ရခဲ့ပေမယ့်
လက်ယမ်းခွင့်တောင်မရဘဲ ရှေ့ဆက်ရတဲ့ ခရီးပေါင်းကလဲ သိန်းသောင်းမကခဲ့။
ခု..ဒီခရီးမှာလဲ ငါ...လက်ယမ်းမပြချင်သလို
ဆက်မလှမ်းဖို့ကလဲ ငါက. ခရီးသည်လေ။

ခေတ္တခိုနားခဲ့ဖူးတဲ့ ဒီနေရာလေး
ဘယ်သူများ ဆက်သန့်ရှင်းပေးမလဲ
ဘယ်သူများ အလှဆင်ပေးမလဲ
အတွေးလေးနဲ့အတူ လေးတွဲ့ တွဲ့နဲ့ပဲ
ခုတော့ ငါ. ခရီးဆက်ရဦးမယ်
ငါကခရီးသည်လေ.... ။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ