လူမှာ ဉာဉ်ဆိုတာ ရှိတတ်ပါတယ်၊ "ဉာဉ်" ဆိုတာ စိတ်သဘောထားနှင့်အလေ့အထကို ဆိုလိုတဲ့ စကားလုံးပါ။ စရိုက်ဆိုတဲ့ စကားလုံးနဲ့ခပ်ဆင်ဆင်ပါပဲ။
လူလောကတဲ့မှာ လူတွေရဲ့ ဉာဉ်=အလေ့အထ စရိုက်သဘာဝတွေက တစ်ဦးနဲ့တစ်ဦး
မတူတတ်ပါဘူး၊ တူတာတွေရှိတတ်ပေမယ့် အလုံးစုံတူဖို့ဆိုတာ မလွယ်ကူလှပါဘူး၊
စကားပြောတဲ့အခါမှာကိုပဲ တစ်ချို့က ရယ်ရယ်မောမော ခပ်ရွှင်ရွှင်ပြောတတ်သူရှိသလို တစ်ချို့က ဘုကျကျ ဘောက်ဆတ်ဆတ်ပြောတတ်ကြပါတယ်။
တစ်ချို့ဆို ပုံတိုပတ်စတွေ သိုင်းဝိုင်းပြီး ပြောတဲ့အလေ့အထလေးတွေ ရှိသလို ခပ်ပြတ်ပြတ်နဲ့ လိုရင်း တိုရှင်း ပြောသူတွေလဲ ရှိပါတယ်။
တစ်ချို့က တဖက်သားကို အလိုက်သင့်ကလေးပြောတတ်သလို တစ်ချို့ကျတော့ စကားကို အကတ်ကိုင်ပြီး ပြောတတ်ကြပါတယ်၊ လူအမျိုးမျိုးဆိုတော့ တစ်ဦးနဲ့တစ်ဦး ဉာဉ်လေးတွေ ၀ါသနာလေးတွေ စရိုက်ကလေးတွေ အမျိုးမျိုးရှိနေတာပေါ့။
တစ်ချို့ဆို ဘာအကျိုးမှ မရှိတာကိုမှ မေးမြန်း စူးတတ်တတ်တဲ့ ဉာဉ်ရှိတတ်ပြန်တယ်။ မြတ်စွာဘုရားရှင်လက်ထက်ကပင်
" အနတ္ထပုစ္ဆက" လို့ အမည်တွင်တဲ့ ပုဏ္ဏား တစ်ယောက်ရှိခဲ့ဘူးပါတယ်၊ အနတ္ထပုစ္ဆက
ဆိုတဲ့ နာမည်က နာမည်ရင်း ဟုတ်ချင်မှ ဟုတ်မယ်ပေါ့၊ အကျိုးမဲ့တွေကို
မေးတတ်လွန်းလို့ လူတွေက ၀ိုင်းပြီး ဂုဏ်ထူးပေးလိုက်တဲ့ နာမည်လို့ ထင်ပါတယ်။
သူနဲ့မတွေ့လိုက်နဲ့ တွေ့ရင်တော့ မဟုတ်တာက စပြောတော့တယ်ဆိုတဲ့ လူစားမျိုးပေါ့၊ ဒါက သူ့ရဲ့ ဉာဉ်၊ ၀ါသနာပေါ့လေ…။ အဲ..သူ့ရဲ့ ၀ါသကလည်း ဘယ်လောက်များ ကြီးသလဲဆို ဘုရားရှင်ကိုတောင် အလွတ် မပေးပါဘူး။
တစ်နေ့တော့ ဘုရားရှင်ကိုယ်တော်မြတ်ဆီ သွားပြီး သူ့ဝါသနာ သူ့ဝသီ သူ့ဉာဉ်အတိုင်းပေါ့။
အတွေးလေးတစ်ခု ၀င်လာသတဲ့ " ဘုရားရှင်ဟာ အကျိုးရှိတာတွေပဲ သိတာလား၊ ဒါမှ မဟုတ်၊ အကျိုးမဲ့ပါ သိတာလား ငါမေးမယ်" ဆိုတဲ့ အတွေးလေး တွေးမိပါသတဲ့။
ဒါနဲ့ ဘုရားရှင်နား ချဉ်းကပ်ပြီး
"အရှင်ဘုရား… အရှင်ဘုရားက အကျိုးစီးပွားရှိတာတွေသာ သိတာထင်တယ်၊ အကျိုးမဲ့ကို မသိဘူး ထင်ပါတယ် ဘုရား"
" ပုဏ္ဏား ငါဘုရားဟာ အကျိုးရှိတာရော အကျိုးမဲ့တာရောပါ သိတယ် ပုဏ္ဏား"
" ဒါဆိုရင် အရှင်ဘုရား… တပည့်တော်ကို အကျိုးမဲ့တတ်တဲ့ တရား ဟောပါဘုရား"
အဲသလို သွားလျှောက်လိုက်ပါတယ်၊ သူများတွေနဲ့ မတူတဲ့ ၀ါသနာ အကျိုးရှိတာ ဟောပါလို့ မလျှောက်ဘူး အကျိုးမဲ့တတ်တဲ့ တရားသွားဟောခိုင်းလိုက်တယ်။
သာမာန်လူသားတစ်ဦးသာဆို သူ့မေးတဲ့ အမေးကို လက်ခံနိုင်စရာကို အကြောင်းမရှိပါဘူး၊ ပြန်ပြီး ဘုကန့်လန့် မပြောမိအောင်တောင် တော်တော် သည်းခံရမယ်ထင်ပါတယ်။
မြတ်စွာဘုရားရှင်ကတော့ မဟာကရုဏာတော်နဲ့ အေးမြသာယာ လက်ခံစကားပြောတော်မူပါတယ်၊
ပြီးတော့ သူဟောခိုင်းတဲ့ အကျိုးမဲ့စေတတ်တဲ့ တရားတွေကို ဟောတော်မူပေးလိုက်ပါတယ်။
ပုဏ္ဏား…
၁။ နေမြင့်မှ အိပ်ရာထပါ။
၂။ ပျင်းရိပါ(အလုပ်မလုပ် ပျင်းရိနေပါ)။
၃။ (ကိုယ်၊ နှုတ်၊ စိတ်) ကြမ်းထမ်း ခက်ထန်ပါ၊
၎။ သောစားမူးယစ်မှုကို ကြာကြာလုပ်ကြည့်ပါ။
၅။ ခရီးသွားရင် အဖော်မပါပဲ တစ်ယောက်ထည်း သွားကြည့်ပါ။
၆။ သူတစ်ပါးသားမယားကို သွားလာမှီဝဲကြည့်ပါ၊
ပုဏ္ဏား အဲဒီတရားတွေ မှီဝဲကြည့်ပါ သင့်မှာ မုချ ပျက်စီးခြင်းတွေ အကျိုးမဲ့တွေ ဖြစ်လာပါလိမ့်မယ်..။ လို့ ဟောတော်မူလိုက်တော့ ဘာကြောင့်ရယ် မသိ၊ အဲဒီပုဏ္ဏား သာဓုခေါ်မဆုံးအောင် ကြိုက်နှစ်သက်သွားပါသတဲ့။
နောက်တော့ မြတ်စွာဘုရားရှင်က
"ဒကာပုဏ္ဏား ဘာအလုပ်နဲ့များ အသက်မွေးဝမ်းကြောင်း ပြုတော်မူပါသလဲ"
" တပည့်တော် လောင်းကစားနဲ့ အသက်မွေးပါတယ် ဘုရား"
" နိုင်သလေား ရှုံးသလား ပုဏ္ဏား"
" တစ်ခါတလေ နိုင်ပြီး တစ်ခါတစ်လေ ရှုံးတာပေါ့ဘုရား"
" ဒကာတော် ပုဏ္ဏား လောင်းကစားနိုင်တယ်ဆိုတာ နိုင်တယ်ပဲ ထားဦးတော့ ပြောပြလောက်တဲ့ နိုင်ခြင်းမျိုး မဟုတ်လို့ ချီးမွမ်းဖွယ် မရှိသေးဘူး၊ မြင့်မြတ်တဲ့ နိုင်မှုမျိုးလဲ မဟုတ်သေးဘူး၊
ဒကာတော်ပုဏ္ဏား…ပုဂ္ဂိုလ်တစ်ဦးဦးဟာ ကိလေသာတည်းဟူသောနိုင်ခြင်းနဲ့
ကိုယ်ကိုယ်ကို နိုင်မှသာ မြတ်တဲ့အောင်မြင်ခြင်း မြတ်တဲ့ နိုင်ခြင်းလို့
ဆိုရမယ်၊ အဲဒီလို အောင်ပွဲ နိုင်ပွဲကို ဘယ်သူကမှ ရှံးအောင်
ပြန်မလုပ်နိုင်တော့ဘူး"
အဲဒီလိုမိန့်တော်မူပြီး ဒီဂါထာတော် နှစ်ပုဒ်ကို ဟောတော်မူလိုက်ပါတယ်။
‘‘အတ္တာ ဟဝေ ဇိတံ သေယျော, ယာ စာယံ ဣတရာ ပဇာ;။
အတ္တဒန္တဿ ပေါသဿ, နိစ္စံ သညတစာရိနော။။
‘‘နေဝ ဒေဝေါ န ဂန္ဓဗ္ဗော, န မာရော သဟ ဗြဟ္မုနာ;။
ဇိတံ အပဇိတံ ကယိရာ, တထာရူပဿ ဇန္တုနော’’
ကိုယ်တွင်းကိလေ၊ ရန်သူတွေကို၊ ငြိမ်းစေပယ်ရှင်း၊ သတ်ဖြတ်ခြင်းဖြင့်၊ ကိုယ်တွင်းရန်စု၊ အောင်နိုင်မှုသာ၊ မြတ်လှပါ၏၊ တစ်ဖြာစစ်ခင်း၊ ကစားခြင်းဟု၊ စသည်မှုဖြင့်၊ သူ့ကိုနိုင်ခြင်း၊ မကောင်းလျင်းတည်း..။
ကိုယ်တွင်းရန်လျှင်၊ ကိုယ်ပင်သတ်ပုတ်၊ နိုင်အောင်လုပ်ရန်၊ ကိုယ်နှုတ်နှစ်လုံး၊ သုံးပါးလုံးကို၊ ဆုံးမမပြတ်၊ စောင့်ရှောက်တတ်သူ၊ ထိုသို့လူ၏၊ ရန်သူခပင်း၊ အောင်နိုင်ခြင်းကို၊ နတ်မင်းဣန္ဒ၊ ဂန္ဓဗ္ဗနှင့်၊ မာရဗြဟ္မာ၊ နတ်တကာပင်၊ ရောက်လာပြိုင်ဆိုင်၊ မဖျက်နိုင်တည်း…။
ပုဏ္ဏားကတော့ စပ်စပ်စုစု ထူးထူးခြားခြား အကျိုးမဲ့ကိုသာ မေးခဲ့တာပါ၊ သူမေးတာကို အကြောင်းပြုပြီး ချီးမွမ်းစရာ မြတ်တဲ့အောင်မြင်ခြင်းနဲ့ မပြောပလောက့်တဲ့ အောင်မြင်ခြင်းအကြောင်းကို မြတ်စွာဘုရားဆီက ဆုလာဘ်တစ်ခုအဖြစ် အမြတ်ထွက်လာတာမို့ ဘာပဲပြောပြော ပုဏ္ဏားကို ကျေးဇူးတင်မိပါတယ်။
အဲဒီဒေသနာတော်ရဲ့အဆုံးမှာ လူပေါင်းများစွာ သောတာပန်တည်သွားကြပါတယ်။ အကျိုးမဲ့ကို မေးသူကြောင့် အကျိုးအမြတ်ထွက်အောင် ရယူနိုင်သူတွေအတွက်ကတော့ အကျိုးအမြတ်ထွက်ခဲ့တယ် လို့ ဆိုရမလိုပါပဲ...။
အားလုံး မြင့်မြတ်တဲ့ အောင်ပွဲကို ဆင်နွှဲနိုင်ကြပါစေ
စကားပြောတဲ့အခါမှာကိုပဲ တစ်ချို့က ရယ်ရယ်မောမော ခပ်ရွှင်ရွှင်ပြောတတ်သူရှိသလိ
တစ်ချို့ဆို ပုံတိုပတ်စတွေ သိုင်းဝိုင်းပြီး ပြောတဲ့အလေ့အထလေးတွေ ရှိသလို ခပ်ပြတ်ပြတ်နဲ့ လိုရင်း တိုရှင်း ပြောသူတွေလဲ ရှိပါတယ်။
တစ်ချို့က တဖက်သားကို အလိုက်သင့်ကလေးပြောတတ်သလို တစ်ချို့ကျတော့ စကားကို အကတ်ကိုင်ပြီး ပြောတတ်ကြပါတယ်၊ လူအမျိုးမျိုးဆိုတော့ တစ်ဦးနဲ့တစ်ဦး ဉာဉ်လေးတွေ ၀ါသနာလေးတွေ စရိုက်ကလေးတွေ အမျိုးမျိုးရှိနေတာပေါ့။
တစ်ချို့ဆို ဘာအကျိုးမှ မရှိတာကိုမှ မေးမြန်း စူးတတ်တတ်တဲ့ ဉာဉ်ရှိတတ်ပြန်တယ်။ မြတ်စွာဘုရားရှင်လက်ထက်ကပင်
သူနဲ့မတွေ့လိုက်နဲ့ တွေ့ရင်တော့ မဟုတ်တာက စပြောတော့တယ်ဆိုတဲ့ လူစားမျိုးပေါ့၊ ဒါက သူ့ရဲ့ ဉာဉ်၊ ၀ါသနာပေါ့လေ…။ အဲ..သူ့ရဲ့ ၀ါသကလည်း ဘယ်လောက်များ ကြီးသလဲဆို ဘုရားရှင်ကိုတောင် အလွတ် မပေးပါဘူး။
တစ်နေ့တော့ ဘုရားရှင်ကိုယ်တော်မြတ်ဆီ သွားပြီး သူ့ဝါသနာ သူ့ဝသီ သူ့ဉာဉ်အတိုင်းပေါ့။
အတွေးလေးတစ်ခု ၀င်လာသတဲ့ " ဘုရားရှင်ဟာ အကျိုးရှိတာတွေပဲ သိတာလား၊ ဒါမှ မဟုတ်၊ အကျိုးမဲ့ပါ သိတာလား ငါမေးမယ်" ဆိုတဲ့ အတွေးလေး တွေးမိပါသတဲ့။
ဒါနဲ့ ဘုရားရှင်နား ချဉ်းကပ်ပြီး
"အရှင်ဘုရား… အရှင်ဘုရားက အကျိုးစီးပွားရှိတာတွေသာ သိတာထင်တယ်၊ အကျိုးမဲ့ကို မသိဘူး ထင်ပါတယ် ဘုရား"
" ပုဏ္ဏား ငါဘုရားဟာ အကျိုးရှိတာရော အကျိုးမဲ့တာရောပါ သိတယ် ပုဏ္ဏား"
" ဒါဆိုရင် အရှင်ဘုရား… တပည့်တော်ကို အကျိုးမဲ့တတ်တဲ့ တရား ဟောပါဘုရား"
အဲသလို သွားလျှောက်လိုက်ပါတယ်၊ သူများတွေနဲ့ မတူတဲ့ ၀ါသနာ အကျိုးရှိတာ ဟောပါလို့ မလျှောက်ဘူး အကျိုးမဲ့တတ်တဲ့ တရားသွားဟောခိုင်းလိုက်တယ်။
သာမာန်လူသားတစ်ဦးသာဆို သူ့မေးတဲ့ အမေးကို လက်ခံနိုင်စရာကို အကြောင်းမရှိပါဘူး၊ ပြန်ပြီး ဘုကန့်လန့် မပြောမိအောင်တောင် တော်တော် သည်းခံရမယ်ထင်ပါတယ်။
မြတ်စွာဘုရားရှင်ကတော့ မဟာကရုဏာတော်နဲ့ အေးမြသာယာ လက်ခံစကားပြောတော်မူပါတယ်၊
ပြီးတော့ သူဟောခိုင်းတဲ့ အကျိုးမဲ့စေတတ်တဲ့ တရားတွေကို ဟောတော်မူပေးလိုက်ပါတယ်။
ပုဏ္ဏား…
၁။ နေမြင့်မှ အိပ်ရာထပါ။
၂။ ပျင်းရိပါ(အလုပ်မလုပ် ပျင်းရိနေပါ)။
၃။ (ကိုယ်၊ နှုတ်၊ စိတ်) ကြမ်းထမ်း ခက်ထန်ပါ၊
၎။ သောစားမူးယစ်မှုကို ကြာကြာလုပ်ကြည့်ပါ။
၅။ ခရီးသွားရင် အဖော်မပါပဲ တစ်ယောက်ထည်း သွားကြည့်ပါ။
၆။ သူတစ်ပါးသားမယားကို သွားလာမှီဝဲကြည့်ပါ၊
ပုဏ္ဏား အဲဒီတရားတွေ မှီဝဲကြည့်ပါ သင့်မှာ မုချ ပျက်စီးခြင်းတွေ အကျိုးမဲ့တွေ ဖြစ်လာပါလိမ့်မယ်..။ လို့ ဟောတော်မူလိုက်တော့ ဘာကြောင့်ရယ် မသိ၊ အဲဒီပုဏ္ဏား သာဓုခေါ်မဆုံးအောင် ကြိုက်နှစ်သက်သွားပါသတဲ့။
နောက်တော့ မြတ်စွာဘုရားရှင်က
"ဒကာပုဏ္ဏား ဘာအလုပ်နဲ့များ အသက်မွေးဝမ်းကြောင်း ပြုတော်မူပါသလဲ"
" တပည့်တော် လောင်းကစားနဲ့ အသက်မွေးပါတယ် ဘုရား"
" နိုင်သလေား ရှုံးသလား ပုဏ္ဏား"
" တစ်ခါတလေ နိုင်ပြီး တစ်ခါတစ်လေ ရှုံးတာပေါ့ဘုရား"
" ဒကာတော် ပုဏ္ဏား လောင်းကစားနိုင်တယ်ဆိုတာ နိုင်တယ်ပဲ ထားဦးတော့ ပြောပြလောက်တဲ့ နိုင်ခြင်းမျိုး မဟုတ်လို့ ချီးမွမ်းဖွယ် မရှိသေးဘူး၊ မြင့်မြတ်တဲ့ နိုင်မှုမျိုးလဲ မဟုတ်သေးဘူး၊
ဒကာတော်ပုဏ္ဏား…ပုဂ္ဂိုလ်တစ်ဥ