Sunday, October 21, 2012

သမာဓိ ဆိုသည်မှာ ...

သမာဓိ ဆိုသည်မှာ ...
မိမိရဲ့ စိတ်လေး တည်ငြိမ်ပြီး ကြည်လင်မှုရှိတာကို ခေါ်တယ်။
စိတ် မချမ်းသာရင် သမာဓိ မဖြစ်ဘူး။ သမာဓိ ရချင်တယ်ဆိုရင်စိတ် ချမ်းသာမှု ရှိရပါမယ်။ စိတ်ချမ်းသာတယ်
ဆိုတာ တခြားမထင်နဲ့ ။
ကုသိုလ်စိတ် ဖြစ်နေတာပါ။ ကိုသိုလ် ဖြစ်မှ စိတ်ချမ်းသာမယ်။
စိတ် ချမ်းသာ မှ သမာဓိဖြစ်မယ်။ ကိုသိုလ် မဖြစ်ရင် စိတ် ဆင်းရဲမယ်။


စိတ် ဆင်းရဲရင် သမာဓိ မရနိုင်ဘူး။
စိတ် ဆင်းရဲတယ်ဆိုတာဟာလည်း ကိုယ် ရတာနဲ့ ကိုယ် မကျေနပ်လို့  ကိုယ့် ရပိုင်ခွင့်နဲ့  ကိုယ် မကျေနပ်ရင်
စိတ် ဆင်းရဲတယ်။
မိမိ ရထားတဲ့ အခွင့်အရေး ၊ လာဘ်လာဘ ၊ စည်းစိမ်ဥစ္စာ ကို အထင်သေးနေရင် စိတ် ဆင်းရဲတယ်။
စိတ် ဆင်းရဲလို့ သမာဓိ မရတာ။
သမာဓိဆိုတာ မိမိစိတ်ကလေး ကောင်းတဲ့အာရုံလေးအပေါ်မှာ တည်ကြည်နေတဲ့ သဘောလေးကို ခေါ်ဆိုပါတယ်။
တရားအသိဥာဏ်များ တိုးပွါးနိုင်ကြပါစေ...။

ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ


ဗုဒ္ဓကမ္ဘာဆိုက် thet naing ၏ ပို့စ်ကို ပြန်လည်ဝေငှလိုက်ပါသည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ