တံစီးအိုင်ခွက် ပုပ်နံ့ထွက်သည်
ရွှံ့ဗွက်အတွင်း ရနံ့သင်းသော
ကြာမင်းပေါက်၍လာသေးသည်။
အသက်မရှိအသိမထင်
ထိုသစ်ပင်တို့
ဝန်းကျင်ဌာနသူ့ဒေသနှင့်
ညီမျှအောင်ကျင့်
ကာလမြင့်စွာ သီးပွင့်နေနိုင်ခဲ့လေသည်။
ရွှံ့ဗွက်အတွင်း ရနံ့သင်းသော
ကြာမင်းပေါက်၍လာသေးသည်။
မြင့်မြင့်သီခေါင် ကျောက်တောင်အဖျား
ကျောက်အက်ကြားမှ
မြသားရောင်သွင်
စိမ်းလဲ့ရွှင်သည့်
အပင်ပေါက်၍လာသေးသည်။
ကျောက်အက်ကြားမှ
မြသားရောင်သွင်
စိမ်းလဲ့ရွှင်သည့်
အပင်ပေါက်၍လာသေးသည်။
မှီရာတည်ရာမြေနှင့်ကွာသော
ညိုပြာရောင်ခြယ် ရေအလယ်၌
တင့်တယ်ဝေဆာပွင့်အပြာနှင့်
ဗေဒါလှ၍နေသေးသည်။
ညိုပြာရောင်ခြယ် ရေအလယ်၌
တင့်တယ်ဝေဆာပွင့်အပြာနှင့်
ဗေဒါလှ၍နေသေးသည်။
အသက်မရှိအသိမထင်
ထိုသစ်ပင်တို့
ဝန်းကျင်ဌာနသူ့ဒေသနှင့်
ညီမျှအောင်ကျင့်
ကာလမြင့်စွာ သီးပွင့်နေနိုင်ခဲ့လေသည်။
အသက်လည်းရှိ အသိလည်းသာ
လူတို့မှာကား
ပမာသစ်ပင် ပတ်ဝန်းကျင်နှင့်
အဆင်သင့်သင့် လိုက်ဖက်ကျင့်သော်
တိုးတင့်မြင့်ကြွယ်လောကလယ်၌
သူ့နယ်ဌာန သူ့ကာလနှင့်
မျှတရွှင်လန်း မညိုး နွမ်းသည်
ဂုဏ်ပန်း မလိုင်သင့်ပြီလော။ (တည်တော ဆရာတော်ကြီး)
လူတို့မှာကား
ပမာသစ်ပင် ပတ်ဝန်းကျင်နှင့်
အဆင်သင့်သင့် လိုက်ဖက်ကျင့်သော်
တိုးတင့်မြင့်ကြွယ်လောကလယ်၌
သူ့နယ်ဌာန သူ့ကာလနှင့်
မျှတရွှင်လန်း မညိုး နွမ်းသည်
ဂုဏ်ပန်း မလိုင်သင့်ပြီလော။ (တည်တော ဆရာတော်ကြီး)