၁။ မေတ္တာယနာမုခေန ရာဂေါ ဝဉ္စေတိ။
ရာဂသည် မေတ္တာယောင်ဆောင်၍ လှည့်စားတတ်၏။
၂။ ကရုဏာယနာပဋိရူပေန သောကော
ဝဉ္စေတိ။
သောကသည် ကရုဏာယောင်ဆောင်၍ လှည့်စားတတ်၏။
၃။ မုဒိတာဝိဟာရရူပေန ပဟာသော
ဝဉ္စေတိ။
မြူးတူးပျော်ပါးခြင်း လောဘမူသောမနဿဟူသော
ပဟာသ တရားသည် မုဒိတာဗြဟ္မဝိဟာရတရားယောင်
ဟန်ဆောင်၍ လှည့်စားတတ်၏။
၎။ ဥပေက္ခာဝိဟာရပဋိရူပေန ကုသလေသု ဓမ္မေသု နိက္ခိတ္တဓူရတာ
ဝဉ္စေတိ။
ကုသိုလ်ကောင်းမှုတို့၌ လုံးလမပြု စိက်ချလက်ချ
နေနိုင်အားသော နိက္ခိတ္တဓူရတာတရားသည် ဥပေက္ခာဗြဟ္မဝိဟာရတရားယောင် ဟန် ဆောင်၍ လှည့်စားတတ်၏။
စိတ်၏ပူပန်ခြင်း ဒေါသဟူသော စိတ္တသန္တာပတရားသည်
ဝဋ်ဆင်း ရဲ၌ ထိပ်လန့်ခြင်း သံဝေဂတရားယောင်ဆောင်၍
လှည့်စား၏။
၆။ ဝီမံသနာပဋိရူပေန အသဒ္ဓိယံ
ဝဉ္စေတိ။
မယုံကြည်ခြင်း အသဒ္ဓိယတရားသည် စုံစမ်းဆင်ခြင်ခြင်း
ပညာတရားယောင် ဟန်ဆောင်၍ လှည့်စားတတ်၏။
၇။ ပါပဂရဟိတာပဋိရူပေန ပရဝဇ္ဇာနုပဿိတာ
ဝဉ္စေတိ။
သူတစ်ပါးအပြစ်ကို အမြဲကြည့်ရှုပြောဆိုတတ်သော
ပရဝဇ္ဇာနုပဿိတာ တရားသည် မကောင်းမှုကို ကဲ့ရဲ့ခြင်းဟူသော
သူတော်ကောင်းတရား ယောင် ဟန်ဆောင်၍ လှည့်စားတတ်၏။
၈။ နိဂ္ဂယှဝါဒိတာပဋိရူပတာယ ဖရုသဝါစတာ
ဝဉ္စေတိ။
ဖရုသဝါစာတရားသည် နှိပ်ကွပ်ဆုံးမလေ့ရှိသော
ဆရာကောင်း၏ လေ့အကျက်နှင့် တူသည်၏အဖြစ်ဖြင့်
လှည့်စားတတ်၏။
၉။ ပိယဝါဒိတာပဋိရူပတာယ စာဋုကမျတာ
ဝဉ္စေတိ။
ဒါယကာတို့အောက် နှိမ့်ချ၍ ပြောဆိုခြင်းတည်းဟူသောအနေသနတည်းဟူသော
စာဋုကမျတာတရားသည် နှုတ်ခွန်းချိုသာ ပိယဝါစာ
တရားယောင် ဟန်ဆောင်၍ လှည့်စားတတ်၏။
၁၀။ အာဇီဝပါရိသုဒ္ဓိပဋိရူပတာယ အသံဝိဘာဂသီလတာ ဝဉ္စေတိ။
မိမိပစ္စည်းကို သီတင်းသုံးဖော်တို့အား မဝေဘန်မခွဲခြမ်းလိုခြင်း
ဟူသော အသံဝိဘာဂတရားသည် အာဇီဝပါရိသုဒ္ဓိတရားယောင်
ဟန်ဆောင်၍လှည့်စားတတ်၏။
၁၁။ သံဝိဘာဂသီလတာပတိရူပတာယ မိစ္ဆာဇီဝေါ ဝဉ္စေတိ။
ကုလဒူသန အနေသန လူတို့နှင့် မသင့်လျော်သောရောနှောခြင်း
မိစ္ဆာဇီဝတရားသည်
ဝေဖန်ခွဲခြမ်းသောအလေ့ရှိသော(နာယကဂုဏ်တစ်ပါး)တရားယောင်
ဟန်ဆောင်၍
လှည့်စားတတ်သည်။
၁၂။ အသံသဂ္ဂဝိဟာရိတာပဋိရူပေန အသင်္ဂဟသီလတာ ဝဉ္စေတိ။
ဒါယကာတို့အား ချီးမြှင့်လေ့မရှိခြင်းတည်းဟူသော
အသင်္ဂဟသီလတာတရားသည် ဒါယကာတို့နှင့် မနှီးနှော
ဝိနည်းတရားနှင့် အညီနေလေ့ရှိသော သူတော်ကောင်းရဟန်းတို့အဖြစ်ဟူသော
တရား ယောင် ဟန်ဆောင်၍ လှည့်စားတတ်၏။
၁၃။ သင်္ဂဟသီလတာပဋိရူပတာယ အနနုလောမိကဂိဟိသံသဂ္ဂေါ ဝဉ္စေတိ။
ရဟန်းတရားနှင့်မလျော်သောလူတို့နှင့်ရောနှောခြင်း
ဂိဟိသံသဂ္ဂ သည် ဒါယကာတို့အား ဝိနည်းတရားနှင့်အညီ
အာမိသပဋိသန္ထာရ
ဓမ္မပဋိသန္ထာရတရားတို့ယောင် ဟန်ဆောင်၍ လှည့်စားတတ်၏။
၁၄။ သစ္စဝါဒိတာပဋိရူပေန ပိသုဏဝါစာတာ
ဝဉ္စေတိ။
ချောပစ်ကုန်းတိုက်ခြင်းဟူသောပိသုဏဝါစာသည်
အမှန်ကိုဆို လေ့ရှိသောသူ၏ အဖြစ်ဟူသော
သစ္စဝါဒိတာတရားယောင် ဟန်ဆောင်၍ လှည့်စားတတ်၏။
၁၅။ အပိသုဏဝါစတာပဋိရူပေန အနတ္ထကာမတာ
ဝဉ္စေတိ။
သူတစ်ပါးအကျိုးကို မတောင့်တခြင်း(အကျိုးလိုလား၍
မပြောကြားခြင်း)ဟူသော အနတ္ထကာမတာ တရားသည်
ချောပစ်ကုန်းတိုက်ရာရောက်မည်၏အဖြစ်ဟူသော
အပိသုဏဝါစတာတရားယောင် ဟန်ဆောင်၍ လှည့်စားတတ်၏။
၁၆။ ကုလာနုဒယတာပဋိရူပတာယ ကုလမစ္ဆရိယံ
ဝဉ္စေတိ။
ကုလမစ္ဆရိယတရားသည် ဒါယကာတို့အား သနာခြင်း
ကုလာနုဒယတာ တရားယောင် ဟန်ဆောင်၍ လှည့်စားတတ်၏။
(အလှူခံပုဂ္ဂိုလ်တို့
ထွက်ဝင်သွားလာများသည်ကို မြင်လျှင် ဒါယကာတို့အား သနားအနာလေဟန်နှင့်
နှလုံးမသာယာခြင်း မစ္ဆရိယစိတ် ဖြစ်မှန်မသိဖြစ်တတ်သည်ဟူလို)
၁၇။ အာဝါသစိရဋ္ဌိတိကာမတာမုခေန အာဝါသမစ္ဆရိယံ
ဝဉ္စေတိ။
အာဝါသမစ္ဆရိယသည် နောင်လာနောက်သား သံဃာတော်များတို့
အတွက် ကြာမြင့်စွာတည်တံ့လိုခြင်းဟူသော အာဝါသစိရဋ္ဌိတိ
ကာမတာတရားယောင် ဟန်ဆောင်၍လှည့်စားတတ်၏။
(အချို့ကား ကိုယ့်ကျောင်း ကိုယ်အိမ်
ကိုယ့်နေရာမှာ အခြားသူများ နေထိုင်သည်ကို မလိုလား
အသုံးပြုသည်ကို မလိုလားသည့်
အာဝါသမစ္ဆရိယကို ကျောင်း၊ အိမ်ကို စည်းကမ်းရှိသယောင်
ထင်တတ်ကြသည်။)
၁၈။ ဓမ္မပဋိဗန္ဓပရိဟရဏတာမုခေန ဓမ္မမစ္ဆရိယံ
ဝဉ္စေတိ။
ဓမ္မမစ္ဆရိယသည် တရားနှင့်စပ်သောဘဏ္ဍာကို သိမ်းဆည်းစောင့်
ရှောက်ခြင်းဟူသော ဓမ္မပဋိဗန္ဓပရိဟရဏတရားယောင်
ဟန် ဆောင်၍ လှည့်စားတတ်၏။
(မိမိတတ်သလို သူတစ်ပါးကို မသိစေလို
မတတ်စေလိုသော ဓမ္မမစ္ဆရိယတရားက တရားကို စောင့်ရှောက်သလိုလိုနှင့်
မစ္ဆရိယဖြစ်မှန်းမသိ ဖြစ်တတ်သည်။ဟူလို)
၁၉။ ဓမ္မဒေသနာဘိရတိမုခေန ဘဿာရာမတာ
ဝဉ္စေတိ။
စကားများခြင်း၌ မွေ့လျော်ခြင်းဟူသော ဘဿာရာမတာသည်
တရားစကားဟောပြောခြင်း၌ မွေ့လျော်ခြင်းဟူသောဓမ္မဒေသနာ
ဘိရတိတရားယောင် ဟန်ဆောင်၍ လှည့်စားတတ်၏။
(တရားဟောသလိုလိုနှင့် စကားပြောမှုမှာ
မွေ့လျော်သည့် ဘဿာရာမတာ ဖြစ်သွားတတ်သည်။
ဟူလို)
၂၀။ အဖရုသဝါစတာဂဏာနုဂ္ဂဟကရဏမုခေန သင်္ဂဏိကာရာမတာ
ဝဉ္စေတိ။
အပေါင်းအဖော်၌မွေ့လျော်ခြင်းသင်္ဂဏိကာရာမတာသည်
တပည့် သား ဂိုဏ်းသံဃာကို ချီးမြှောက်ခြင်း
ဂဏာနုဂ္ဂဟတရားယောင် ဟန်ဆောင်၍ လှည့်စားတတ်၏။
၂၁။ ပုညကာမတာပဋိရူပတာယ ကမ္မာရာမတာ ဝဉ္စေတိ။
အမှုသစ်၌မွေ့လျော်ခြင်းဟူသော ကမ္မာရာမတာသည်
ကုသိုလ် ကောင်းမှုကို လိုလားခြင်း ပုညကာမတာတရားယောင်
ဟန်ဆောင် ၍ လှည့်စားတတ်၏။
(ပရိယတ်,ပဋိပတ် အားမထုတ်ပဲ
အမှုကြီးငယ်ကို ရွက်ဆောင်၍ နေရမှ ပျော်တတ်သည့် အရာကို
ကုသိုလ်ကောင်းမှုမှာ လိုလားနေဟန် ထင်မှတ်တတ်သည်၊ ဟူလို)
၂၂။ ပဋိကူလသညိတာမုခေန ဗျာပါဒေါ
ဝဉ္စေတိ။
နှလုံးမသာမယာခြင်းဗျာပါဒသည် ပဋိကူလသညာကမ္မဋ္ဌာန်း
ယောင် ဟန်ဆောင်၍ လှည့်စားတတ်၏။
၂၃။ အပ္ပဋိကူလသညိတာမုခေန
ကာမစ္ဆန္ဒော ဝဉ္စေတိ။
ကာမဂုဏ်၌ တပ်နှစ်သက်ခြင်း ကာမစ္ဆန္ဒတရားသည်
မစက်ဆုတ် မရွံရှာတတ်သော အပ္ပဋိကူလသညာယောင်
ဟန်ဆောင်၍ လှည့်စားတတ်၏။
၂၄။ သမာဓိမုခေန ထိနမိဒ္ဓံ ဝဉ္စေတိ။
ထိနမိဒ္ဓသည် သမာဓိယောင် ဟန်ဆောင်၍လှည့်စားတတ်၏။
(ငိုက်မျည်းတွေဝေလှ၍
ထိုင်းမှိုင်းမေ့လျော့နေသည့်အရာကို သမာဓိရှိနေယောင် ထင်တတ်သည်)
၂၅။ ဝီရိယာရမ္ဘမုခေန ဥဒ္ဓစ္စံ
ဝဉ္စေတိ။
ပျံ့လွင့်မှုဥဒ္ဓစ္စသည် အားထုတ်မှုဝီရိယယောင်
ဟန်ဆောင်၍ လှည့်စား တတ်၏။
(စိတ်ပျံ့လွင့်၍ ဟိုဟာလုပ် ဒီဟာလုပ်
အတည်မကျ ထကြွပြေးသွား များသည်ကို
ဝိရီယရှိလေဟန် ထင်မှတ်တတ်သည်။ ဟူလို)
၂၆။ သိက္ခာကာမတာမုခေန ကုက္ကုစ္စံ ဝဉ္စေတိ။
စိတ်နှလုံးပူပန်ခြင်း စိုးရိမ်ခြင်းဟူသော
ကုက္ကုစ္စသည် သီလသိက္ခာကို ကောင်းစွာလိုလားခြင်း သိက္ခာကာမတာအဖြစ်ဖြင့်
လှည့်စား တတ်၏။
(စိတ်သက်သာရာမရ၊ ၀ိနယကုက္ကုစ္စ အားကြီးလှ၍
ဝိပ္ပဋိသာရ(နှလုံးမသာမယာ)ဖြစ်သည်ကို
သိက္ခာကာမ(သိက္ခာပုဒ်ကိုလိုက်နာဖို့လိုလားတယ်)ဟု
ထင်တတ်သည် ဟူလို)
၂၇။ ဥဘယပက္ခသန္တီရဏမုခေန ဝိစိကိစ္ဆာ
ဝဉ္စေတိ။
ဝိစိကိစ္ဆာသည် သကဝါဒီပက္ခ၊ ပရဝါဒီပက္ခဟူသော
ပက္ခနှစ်ပါးကို စုံစမ်းလေ့လာခြင်းယောင် ဟန်ဆောင်၍
လှည့်စားတတ်၏။
(သို့လောသို့လော တွေးတောယုံမှာမှု
ဝိစိကိစ္ဆာက သူ့ဘက် ကိုယ့်ဘက် စုံစမ်းလေ့လာသယော
ထင်တတ်သည်)
၂၈။ ဣဋ္ဌာနိဋ္ဌသမုပေက္ခနာမုခေန သံမောဟော ဝဉ္စေတိ။
ဆိုးကောင်းမသိတတ်၊ အမှတ်မဲ့လျစ်လျူရှုခြင်းဟူသော
အညာဏုပေက္ခာ သံမောဟတရားသည် ဣဋ္ဌာရုံ, အနိဋ္ဌာရုံတို့၌
တုန်လှုပ်ခြင်း မရှိ၊ ပကတိသည်းခံခြင်း၊ လျစ်လျူရှုခြင်း
သဘောတရားယောင် ဟန်ဆောင်၍ လှည့်စားတတ်၏။
၂၉။ ဝီမံသာမုခေန
ဟေတုပဋိရူပကပရိဂ္ဂဟေန မိစ္ဆာဒိဋ္ဌိ ဝဉ္စေတိ။
မိစ္ဆာဒိဋ္ဌိသည် စုံစမ်းဆင်ခြင်ခြင်း ဝီမံသတရားယောင်
ဟန်ဆောင်၍ လှည့်စားတတ်၏။
၃၀။ ဝိရတ္တတာပဋိရူပေန သတ္တေသု အဒယာပန္နတာ ဝဉ္စေတိ။
သနားကြင်နာခြင်းမရှိသော မသူတော်တရားသည် သတ္တ၀ါတို့အပေါ်၌
(စွဲလန်း)တပ်မက်ခြင်းကင်း ခြင်းဟုဆိုအပ်သော
သူတော်ကောင်းတရားယောင် ဟန်ဆောင်၍ လှည့်စားတတ်၏။
၃၁။ အနုညာတပဋိသေဝနာပဋိရူပေန ကာမသုခလ္လိကာနုယောဂေါ ဝဉ္စေတိ။
လူသားတို့၏ ကာမသုခလ္လိကာနုယောဂသည် ရဟန်းတော်တို့၏
ပစ္စည်းလေးပါးနှင့်စပ်၍ အနုညာတပဋိသေဝနာ(ဘုရားရှင်ခွင့်ပြု
သည်ကို မှီဝဲသုံးဆောင်ခြင်း)သဘောတရားယောင်း
ဟန်ဆောင်၍ လှည့်စားတတ်၏။
၃၂။ သဒ္ဓါလုတာပဋိရူပေန အပရိက္ခဏ တာ ဝဉ္စေတိ။
မစုံစမ်း မဆင်ခြင်ခြင်း သံမောဟတရားသည် သဒ္ဓါတရားအားကြီး
သူ၏အဖြစ်ယောင် ဟန်ဆောင်၍ လှည့်စားတတ်၏။
၃၃။ အတ္တာဓိပတေယျတာအနုရူပေန ဂရူနံ
အနုသာသနိယာ အပဒက္ခိဏဂါဟိ-တာ ဝဉ္စေတိ။
ဆရာမြတ်တို့ ဆုံးမဩဝါဒကို မလိုက်နာလို၊ အလိုက်နာနိုင်သော
မသူတော်တရားသည် မိမိကိုယ်ကို အကြီးအမှူးပြု၍
ဆုံးဖြတ်ပိုင်းခြား စီရင်ဆောင်ရွက်နိုင်ခြင်း ဟူသော ပညာကြီးသူယောင် ဟန်ဆောင်၍ လှည့်စားတတ်၏။
၃၄။ ဓမ္မာဓိပတေယျတာပဋိရူပေန သဗြဟ္မစာရီသု
အဂါရဝံ ဝဉ္စေတိ။
သီတင်းသုံးဖော်တို့အပေါ်၌ မရိုသေမလေးစားခြင်းအဂါရဝတရား
သည် တရားဓမ္မကို အလေးပြုသူ၏အဖြစ် ဓမ္မာဓိပတေယျတရား
ယောင် ဟန်ဆောင်၍ လှည့်စားတတ်၏။
၃၅။ လောကာဓိပတေယျတာပဋိရူပေန အတ္တနိ စ ဓမ္မေ စ ပရိဗ္ဘဝေါ
ဝဉ္စေတိ။
မိမိ၌လည်းကောင်း၊ တရားဓမ္မ၌လည်းကောင်း နှိပ်စက်လွှမ်းမိုးခြင်း
သဘောတရားသည် လောကကိုအလေးအမြတ် အရိုအသေပြုခြင်း
လောကာဓိပတေယျတရားယောင် ဟန်ဆောင်၍လှည့်စားတတ်၏။
၃၆။ မိတဘာဏိတာပဋိရူပေန အသံမောဒနသီလတာ ဝဉ္စေတိ။
သီတင်းသုံးဖော်တို့နှင့် ဝမ်းမြောက်ဝမ်းသာပိယဝါစာမပြောဆိုနိုင်
ခြင်းဟူသောထမ္ဘç သာရမ္ဘ အသံမောဒနအကုသိုလ်တရားသည်
အတိုင်းအရှည်နှင့်ယှဉ်၍ စကားပြောခြင်းဟူသော မိတဘာဏီတရား
ယောင် ဟန်ဆောင်၍ လှည့်စားတတ်၏။
၃၇။ သမ္မောဒနသီလတာပဋိရူပေန မာယာသာထေယျံ
ဝဉ္စေတိ။
မာယာသာထေယျသည် သီတင်းသုံးဖော်တို့နှင့် ဝမ်းမြောက်ဝမ်းသာ
စကားပြောဆိုခြင်းသမ္မောဒနတရားယောင် ဟန်ဆောင်၍
လှည့်စား တတ်၏။
(နေတ္တိဋ္ဌ-၉၀) အစဉ်ကို နေတ္တိအဋ္ဌကထာအတိုင်း
မစဉ်ပဲ လုံးတော်ဆရာတော်၏ ပကိဏ္ဏက ၀ိသဇ္ဇာ(ပထမတွဲ) ၃၀၇-၈ အတိုင်းစဉ်လိုက်ပါသည်။
