Thursday, September 6, 2012

“အညာမြေ ခါနွေဆန်း”

ခွေးတောက်ကဦး
သရက်ဖူး
လေမြူးတောင်ပြန် မြန်သလေ့။


ရိုးပြတ်လယ်ကွင်း
ခယောင်းခင်း
နေမင်းထိန်ထိန်ရှိန်သလေ့။

ထနောင်းပင်ရိပ်
မောချွေးသိပ်
မဆိတ်ချိုးကူ ကြူသလေ့။

လက်ပံပါးပျဉ်း
ပုန်းခိုချဉ်း
လူရင်းကလှောင် ပြောင်သလေ့။

သရဖီပန်း
လက်ဆောင်ကမ်း
ရှိုက်နမ်းကြူအေး မွှေးသလေ့။


နဘူးခြုံရိပ်
ပျို့ ရင်ထိတ်
တဆိတ်ကဲသူ မြူသလေ့။

အညာနွေဆန်း
မှန်းဆလွမ်း
မြစမ်းမျက်ရည်(ရည်) ဝေသလေ့။ ။

မန်းတင့်မော်
ပန်းချီ U Mar Lar

ဒီနေရာလေးကနေ ကူးယူတင်ပြလိုက်တာပါ။ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ