အိပ်မက်ယာမက်၊ ကောင်းစွာမက်၊ အိပ်စက်နိုင်ပါစေ…။
♣ ကျက်သရေမင်္ဂလာ၊ စုဝေးကာ၊ လျမ်းဖြာရွှန်းလက်ဝေ၊
ကောင်းစွာမိုးသောက်၊ အလင်းရောက်၊ ထမြောက်နိုင်ပါစေ။
♣ ဒုစရိုက်မျိုး၊ တရားဆိုး၊ ပယ်ချိုးနိုင်ပါစေ..၊
♣ သုံးဖြာဆယ်လီ၊ ပါရမီ၊ ကိုယ်စီဖြည့်နိုင်စေ…။
ဒီကဗျာလေးက မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ ဂါထာပေါင်းချုပ်စာအုပ်မှာပါ
ဘာသာတွေ တူချင်မှ တူမယ်၊ လူမျိုးတွေ ကွဲချင်ကွဲမယ်၊ အဆင့်အတန်း အထက်အောက်ဖြစ်ချင်ဖြစ်မယ်၊ လူတန်းစား ညီချင်မှ ညီမယ်၊ ဘ၀တွေ ခြားချင်ခြားမယ်.. စတဲ့ အသွင်မတူတဲ့ ရပ်တည်မှုတွေ ကြားမှာ မေတ္တာတရားက ညီမျှခြင်းတွေ လုပ်ပေးနိုင်တယ်၊
ဒီမေတ္တာတရားကို ဘယ်ဘာသာမဆို၊ ဘယ်လူမျိုးမဆို၊ ဘယ်အဆင်အတန်း လူတန်းစားမဆို၊ ဘယ်ဘ၀ရောက်နေသူမဆို မခံယူချင်သူ၊ မလိုချင်သူရယ်လို့ ရှိနိုင်မယ် မထင်ဘူးလေ..။ မေတ္တာဟာ အားလုံးအတွက်လိုအပ်တဲ့ တရားတစ်ခုပါပဲ..။
♣♣ မေတ္တာပို့လင်္ကာလေးကို ဒီလိုအတွေးချဲ့မိပါတယ်။
လူတိုင်းလူတိုင်းမှာ ရှင်သန်လှုပ်ရှားမှုတွေနဲ့ ဘ၀ခရီးကိုဆက်နေကြရတယ်၊ အကောင်းတွေ အဆိုးတွေဖြစ်တဲ့ လောကရဲ့ ရိုက်နက်မှုတွေကို ခံစားရင်းနဲ့ပေါ့။ အဲဒီလို လှုပ်ရှား ရုန်းကန်မှုတွေရှိရင် အနားယူမှုဆိုတာ ရှိရစမြဲပါပဲ၊ စိတ်ဓာတ်တွေရော ရုပ်ကလာပ်တွေပါ အနားပေးဖို့ လိုအပ်ပါတယ်၊ အနားပေးတဲ့နည်းတွေထဲမှာ အိပ်စက်ပြီး အနားယူတဲ့နည်းဟာ မရှိမဖြစ်လိုအပ်တဲ့ အနားယူနည်းတစ်ခုပါပဲ။
အိပ်စက်အနားယူကြရတဲ့ လူသားတွေက အခြေအနေမတူကြလို့ တစ်ချို့က ချမ်းသာစွာ အိပ်စက်အနားယူကြရတယ်၊ တစ်ချို့က အဲဒါနဲ့ ဆန့်ကျင်ဘက်ပေါ့။
ဟုတ်တယ် ဘေးအမျိုးမျိုး အန္တရာယ်အဖုံဖုံနဲ့ ကြုံဆုံနေကြရတဲ့ လူသားတွေ ကောင်းကောင်းမွန်မွန်အိပ်စက
♣♣ အပြင်ဘေးနဲ့ အတွင်းဘေး
ဘေးအန္တရာယ်ဆိုတာကလဲ အပြင်ပကဘေးနဲ့ အတွင်းထဲကဘေးလို့ ခွဲခြားရမယ်ထင်ပါတယ်။ တစ်ချို့ဆို သဘာဝကပေးတဲ့ အန္တရာယ်တွေ၊ လူသားတွေရဲ့ ဒေါသတရားကြောင့် ပေါက်ဖွားလာတဲ့ အန္တရာယ်တွေနဲ့ကြုံတွေ့နေကြရ
သူတို့ခမျာ ငါ့မှာ ဒီဘေးရန်တွေ ဘယ်အခါရောက်လာမလဲလို့ တွေးတောထိပ်လန့်ရင် ကောင်းစွာအိပ်စက်ခွင့် မရသူတွေလည်း ဒုနဲ့ဒေး ဒီလောကမှာ ရှိနေကြပါတယ်။ ဒါကတော့ အပြင်ဘေးတွေပေါ့လေ…။
တစ်ခါတစ်ခါမှာ အတွင်းက သောက ဒေါသစတဲ့ တရားတွေကြောင့် ကြောင့်ကြရင်း တောင့်တရင်းနဲ့ အိပ်ရေးပျက်ရသူလည်း ဒီကမ္ဘာမှာ ပေါများလိမ့်မယ်ထင်တယ်၊
အဲဒီလိုပေါ့ အကြောင်းကြောင်းကြောင့် စိတ်ချလက်ချ အိပ်ခွင့်မရသူတွေကို ရည်ညွှန်းပြီး ..
♣ ကိုယ်စီကိုယ်ငှ၊ ကိုယ့်ဒေသ၊ နေကြသတ္တ၀ါတွေ၊
အိပ်မက်ယာမက်၊ ကောင်းစွာမက်၊ အိပ်စက်နိုင်ပါစေ…လို့ မေတ္တာပို့ရတာပါ။
♣♣ ထမြောက်နိုးထရာ မင်္ဂလာပြည့်ပါစေ
နောက်တစ်ခုက အိပ်စက်အနားယူမှုရှိရင် ထမြောက်နိုးကြားမှုကအလိုလိုက
တစ်ချို့သတ္တ၀ါတွေက မျက်စိနှလုံး ပွင့်ပြီဆိုတာနဲ့
ထိတ်လန့်ဖွယ် ကြောက်မက်ဖွယ် သို့မဟုတ် စိတ်ပျက်ဖွယ် အတွေ့အကြုံတွေနဲ့ ကြုံတွေ့ကြရပါတယ်။ အကျယ်မရေးတော့ပါဘူး အတွေးချဲ့ပြီး တွေးကြည့်ပါတော့…ကိုယ့်ရဲ့ပ
♣ ကျက်သရေမင်္ဂလာ၊ စုဝေးကာ၊ လျမ်းဖြာရွှန်းလက်ဝေ၊
ကောင်းစွာမိုးသောက်၊ အလင်းရောက်၊ထမြောက်နိုင်ပါေ
♣♣ တစ်နေ့တာလှုပ်ရှားမှာ တရားဆိုးတွေ ကင်းပါစေ..
သတ္တလောကကြီးတစ်ခုလုံးဟာ အမြဲလှုပ်ရှားပြီး ဘ၀ကို ဆက်နေကြရတာပါ၊ ကိုယ်နဲ့လုပ်၊ နှုတ်နဲ့ပြော၊ မနောနဲ့တွေးကြံမှုတွေဆိုတဲ့ အလုပ်သုံးမျိုးကို အမြဲလုပ်ဆောင်ရင်း ကံတရားတွေ ထူထောင်နေကြပါတယ်။ တစ်ချို့က ကောင်းတာ၊ တစ်ချို့က မကောင်းရာတွေကိုပေါ့။
တစ်ချို့က ကိုယ့်နဲ့အဆိုးတွေပြုကြရတယ်
အဆိုးတွေမပြုမိကြစေဖို့ ရည်ညွှန်းမေတ္တာပို့ပါတယ်၊ အဆိုးတွေမပြုတော့ အဆိုးတွေ အကျိုးမပေးတော့ဘူးပေါ့၊ ဒါကြောင့် အဆိုးတွေ မပြုမိကြပါစေနဲ့ ပယ်နိုင်ပါစေလို့ မေတ္တာထားလိုက်တာဟာ မကောင်းတဲ့ အကျိုးတရားတွေ မဖြစ်စေချင်တဲ့ မေတ္တာပါ၊ ကောင်းတာတွေ ဖြစ်စေချင်နေတဲ့ စေတနာပါ…။ ဒါကြောင့် ဒီလိုလေး မေတ္တာပို့လိုက်တာပါ…
♣ ဒုစရိုက်မျိုး၊ တရားဆိုး၊ ပယ်ချိုးနိုင်ပါစေ..လို့။
ဒီမေတ္တာကတော့ အရာရာ အောက်မကျဖို့ ပို့တဲ့မေတ္တာဆိုရင်လည်း မမှားဘူးလို့ တွေးမိပါတယ်။
♣♣ ကုသိုလ်ပါရမီ ကိုယ်စီဖြည့်နိုင်ဖို့
ဘ၀ဆိုတာ အထက်တန်းရှိသလို အောက်လမ်းလည်းရှိတယ်ဆိုတာ တွေ့ကြုံနေကြရတဲ့ ဘ၀ထဲမှာပဲ တွေ့မြင်နိုင်ပါတယ်။
ခုနပို့တဲ့ မေတ္တာက အဆိုးတရားတွေလုပ်လို့ အောက်တန်းကျမသွားဖို့ အဆိုးတရားတွေ မလုပ်မိကြပါစေနဲ့လို့ မေတ္တာပို့တာပါ။ ခုပို့မယ့် မေတ္တာက အထက်တက်လှမ်းဖို့ မေတ္တာပါ။
ဟုတ်တယ်၊ ဘ၀မှာ အဆိုးတွေမလုပ်လို့ အောက်ကျမသွားနိုင်ပေမယ့် အထက်တက်ဖို့ လုပ်ငန်းကို မလုပ်မိပြန်ရင် ဘ၀ဟာ အထက်မမြင့်ဘဲ ရပ်နေတတ်တယ်လေ၊ တစ်ချို့ကပြောတတ်တယ်လေ.. " ဒို့ သူများကို ဘာမကောင်းတာမှ မလုပ်ခဲ့ဘူး၊ တရားနာဖို့၊ ဥပုသ်စောင့်ဖို့ မလိုဘူး " ဆိုပြီးတော့ပေါ့။
တကယ်တော့ လက်ရှိဘ၀အောက်မကျဖို့ အဆိုးဒုစရိုက်တွေရှောင်ရမှာ
ပါရမီ-ဆိုတာ မြင့်မြတ်သူတွေလုပ်တဲ့လုပ်င
ဒါကြောင့် ပါရမီတရားတွေ ဆီးပူးဖို့ မေ့လျော့နေသူတွေကို ရည်ညွှန်းပြီး ပါရမီတရားတွေ ဖြည့်နိုင်ကြပါစေလို့….
♣ သုံးဖြာဆယ်လီ၊ ပါရမီ၊ ကိုယ်စီဖြည့်နိုင်စေ…
ဆိုပြီး မေတ္တာပို့သတယ်လို့ အထက်ပါကဗျာကို ဖွင့်ဆိုနေမိတယ်။ မေတ္တာနဲ့ ပတ်သက်တာတွေကိုတော့ အခြားသော ပညာရှင်များရေးသားပြီး ဖြစ်လို့ ရှာဖွေဖတ်ရှုလိုက်ကြပါလို့ တိုက်တွန်းရင်း
မေတ္တာအခါတော်နေ့မှာ မေတ္တာတရားနဲ့ ဘုရားရှင်နှင့် မေတ္တာသုတ်တော်ကို ပေါ်ပေါက်လာအောင် စွမ်းဆောင်တော်မူခဲ့ကြသော ရဟန်းတော် ငါးရာတို့၏ ဂုဏ်တော်များကို ရည်စူးပူဇော်လိုက်ပါတယ်။
♣♣♣ လွတ်လပ် ငြိမ်းချမ်းစွာ သဘောထားကွဲလွဲနိုင်ပါကြောင်
