Wednesday, September 5, 2012

♥♥♥ နိဂုံးအထိ ပြုံးနေပေးပါ အမေ...♥♥♥

အမေ…..

တစ်ခါတစ်လေ မဖြစ်နိုင်တာတွေကို
သား…တောင့်တမိတယ် အမေ၊

အမေ့ကို စိန်တွေအပြည့်ချယ်
ရှယ်ဆိုတဲ့ကားတစ်စီး

ဟိန်းနေအောင် ဆောက်ထားတဲ့ တိုက်တစ်လုံး
အမေသုံးဖို့ မုန့်ဘိုး တစ်ဘီလျံ
အကုန်စီမံ ပေးချင်တယ်…။

အဲဒီတောင့်တချက်ဟာ
မဖြစ်နိုင်မှန်း သားသိပါတယ် အမေ…။

သိလျက်နဲ့စိတ်ကူး
အရူးလို့ပြောပြော
ငပေါလို့ဆိုဆို
အဲဒီလို စီမံပေးချင်တာ
သားရင်ထဲက ဆန္ဒတစ်ခုပါ အမေ…။

အမေ….

နွမ်းလျတဲ့မျက်နှာ
ယိသဲ့သဲ့ခန္ဓာနဲ့
လူတကာအလယ်မှာ
ညှိုးငယ်စွာနေရ
မပြုံးချင်ဘဲ ပြုံးပြနေရတဲ့
အမေ့ဘ၀ကို
သား….
နာကြည်းလို့ မဖြစ်နိုင်တာကို တောင့်တမိတာပါ အမေ…။


မဖြစ်နိုင်ပေမယ့် တကယ်များဖြစ်ခဲ့ရင်
အမေ့အပေါ် အနိုင်ကျင့်
ခပ်ရင့်ရင့် ဆက်ဆံခဲ့သူတွေကို
လက်တုန့်မပြန်ဘဲ
ခုလိုဘဲ အပြုံးလေးနဲ့ ကြည့်နေပေးပါအမေ…။

နိုင်သူတွေ ပြုံး ဆိုတဲ့ စာလုံး
သားကြားဖူးတယ်အမေ…။
နိုင်လို့ပြုံးတာထက်
နိုင်ချင်နိုင် ရှုံးချင်ရှုံး
ပြုံးနေပေးပါအမေ…။

အပြုံးဆိုတာ အောင်နိုင်သူတွေရဲ့ ဆုလာဘ်တဲ့
ပြုံးနေရင် ရှုံးသော်လည်း အောင်နိုင်သူပေါ့အမေ…။

သတ္တ၀ါအားလုံး သေမင်းနဲ့ ရင်ဆိုင်
ယှဉ်ပြိုင်းကြရတဲ့အခါ
သေးမင်းရှေ့မှာဒူးထောက်
ပြားပြားမှောက် အရှုံးပေး
ဘယ်သူပြုံးနိုင်လို့လဲ အမေ…။

သေမင်းနဲ့ ရင်ဆိုရတဲ့အခါ
အရှုံးမပေး
ခုလိုဘဲ ပြုံးပြုံးလေး
ရင်ဆိုင်ပေးပါအမေ…
အမေ့အပြုံးကို
အဲဒီနိဂုံးအထိ
သား… မြင်ချင်တယ်အမေ..။

____/\____မွေးမေအားဦးခိုက်လျှက် ကဗျာမဟုတ်တဲ့

စာတစ်ပုဒ်ကို အံထုတ်ခြင်းမျှသာ အားလုံး နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ ___/\___
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ