Saturday, September 1, 2012

♣♣ မေတ္တာပန်းခိုင်၊ ကိုယ်စီကိုင်၊ ဖက်ပြိုင်သူတိုင်းရှုံး ♣♣

အေးစေ မြစေ မေတ္တာရေ၊ သုံးလေရပ်ရွာလုံး၊။

မွှေးကြိုင်ပြိုင်နှံ့၊ မေတ္တာနံ့၊ သင်းပျံ့ဘယ်မဆုံး။

မေတ္တာပန်းခိုင်၊ ကိုယ်စီကိုင်၊ ဖက်ပြိုင်သူတိုင်းရှုံး။

ကိုယ်စီ ဆင်မြန်း၊ မေတ္တာပန်း၊ ရွှင်လန်းချိုပြုံးပြုံး။

စိတ်ထားမြင့်မြတ်၊ မေတ္တာဓာတ်၊ လူနတ်အချစ်ဆုံး။

တရားပျောက်ကွယ်၊ မေတ္တာပြယ်၊ ကြီးငယ်အများမုန်း။

တစ်ဦးမေတ္တာ၊ တစ်ဦးမှာ၊ ရှည်ကြာရွံမမုန်း။

နှစ်ရွာ့တစ်ရွာ၊ ဆက်ဆံရာ၊ မေတ္တာလိုရင်းသုံး။

မိတ်ဆွေချင်းသာ၊ ပေါင်းသင်းရာ၊ မေတ္တာအမြတ်ဆုံး။

ဒို့ရွာသူပေါင်း၊ အေးစေကြောင်း၊ ဆုတောင်းစာစီကုံး။

နှစ်ဖူးလက်တင်၊ ကြံဆင်ခြင်၊ ပျော်ရွှင်မှတ်ယူသုံး။

မေတ္တာအခါတော်နေ့ အကြိုအဖြစ်ဖြင့် စံကင်းဆရာတော်၏ သြ၀ါဒတော်ကဗျာကို လက်ဆောင်ပေးလိုက်တယ်နော်....

ရွှင်လန်းချမ်းမြေ့ဖွယ်ဘ၀ကို ပိုင်ဆိုင်ပါစေ....
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ