Thursday, August 30, 2012

သူတော်လေ့အေးစဖွယ်


ထွေတစ်ရာ ပွေလာဟပ်သော်ကြောင့်၊
ကေသာ ခြွေကာဖြတ်ပါလို့၊
ဟေမာရပ်ကိုတည့်(တဲ့) မှီးတော့မယ်။

ခင် မမက်ပြီဘူ့း၊ ပဉ္စက်ကယ် ခန္ဓာနှင့်၊ အဏ္ဏ၀ါ သံသာကြော၊
သြဃပြင်ကျယ်။

ပဋိစ္စသမုပ္ပါဒ်ကယ်နှင့်၊ အနတ္တာ ရုပ်ကလာပ်ကိုလ၊
ခုတ်ဖြတ်ကာ ဂူပျော်မွေ့ချင်ပေါ့၊ သူတော်လေ့ အေးစဖွယ်၊
လေးဆယ်ပြည့် ကမ္မဋ္ဌာန်း။

ကသိဏံ ပရိကံ အခြေယူလို့၊ နိဗ္ဗူ ရွှေစာဆိုကြ၊
သူများလို ပိုမရေးပါဘူး၊
ဆယ့်တစ်ဖြာ မလာဝေးတည့်(တဲ့)အောင်၊
ဘေးမဲ့သောင်ကမ်း။ (ရှေးရေး၊ အမည်မသိ)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ