“ ကျန်းဦးပဏာမ ”
ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏ မဟာကရုဏာတော်ကို အာရုံပြုကာ
သီကျူးဖွဲ့ဆိုအပ်သော ၀န္ဒာနာပဏာမ အာသီသဂါထာကို ရွတ်ဆို ပူဇော်ခြင်းဖြင့်
တရားပွဲကို စတင်ကြရအောင်။
ယော ကပ္ပကောဋိဟိပိ အပ္ပမေယျံ၊
ကာလံ ကရောန္တော အတိဒုက္ကရာနိ။
ခေဒံ ဂတော လောကဟိတာယ နာထော၊
နမော မဟာကာရုဏိကဿ တဿ။
ယော နာထော - ဝေနေယျများစွာ သတ္တ၀ါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား အကြင်ရှင်တော်မြတ်ဘုရားသည်၊
ကပ္ပိကောဋီဟိပိ - ကုဋေကမ္ဘာ အရေအတွက်သချာင်္တို့ဖြင့်သော်လည်း။
အပ္ပမေယျံ - ရေတွက်တိုင်းတာ ဖေါ်ပြခြင်းငှာ မစွမ်းနိုင်ပါသော၊
ကာလံ - လေးအသင်္ချေ သိန်းနေကမ္ဘာ ရှည်ကြာသော ကာလပတ်လုံး၊
လောကဟိတာယ - သတ္တလောက၏ အကျိုးစီးပွားအလို့ငှာ၊
အတိဒုက္ကရာနိ
- ဥစ္စာအသက် ခြေ,လက်အင်္ဂါ မေတ္တာကြီးမားး သမီးသားနှင့် သက်ထားဇနီး စွန့်ခြင်းကြီးဟု ကြက်သီးထဖွယ် ငါးသွယ်အစု အခွန်ခဲယဉ်းသော အမှုတို့ကို၊
ကရောန္တော - ဘုရားဖြစ်ရန် ရည်သန်ကြိုးကုတ် အားထုတ်တော်မူရသည် ဖြစ်၍၊
ခေဒံ - လက်ခြေမျက်လုံး အသက်ဆုံးလျက် နှလုံးစိတ်ဝမ်း ကိုယ်တော်၏ ပင်ပန်းခြင်းသို့
ဂတော - ဘ၀အတန်တန် ကြိမ်ဖန်များစွာ ရောက်တော်မူခဲ့ရ ရှာလေပြီ၊
မဟာကာရုဏိကဿ - သတ္တ၀ါများ ရင်ဝယ်သားကဲ့သို့ သနားချစ်ခင် မဟာကရုဏာရှင် ဖြစ်တော်မူသော၊
တဿ နာထဿ - ဝေနေယျများစွာ သတ္တ၀ါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား ထိုရှင်တော်မြတ်ဘုရားအား၊
နမော - ရိုသေပျောင်းပျော့ မာန်ကိုလျှော့၍ ကန်တော့ရိုကျိုး ရှိခိုးခြင်းသည်၊
အတ္တု ဘ၀တု - စင်စစ်မသွေ ဖြစ်ပါစေသတည်း.....။
“ သာဓု - သာဓု - သာဓု ”
-------------------------
*ဆက်ရန်* -------
ဆရာတော်ကြီးဟောကြားတော်မူသော အဘိဓမ္မာမြတ်ဒေသနာ (ပထမတွဲ) မှ { အဘိဓမ္မာတ္ထသင်္ဂဟကျမ်း } အား ဆက်လက်ရေးသား ပူဇော်ပါမည်။
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D)
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) - မှ ကောက်နှုတ်ရေးသား ပူဇော်ပါသည်။
ရဲဝင်းထွန်း
03.01.2012 (Tuesday) 12:10 pm
Friday, June 8, 2012
အမှတ်စဉ် (၁) - အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D) အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) - ဂုဏ်တော်အမွှမ်း ဘုရားရှိခိုး
Labels:
အဘိဓမ္မာ
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ