၁။ သိရန်ခဲယဉ်းသောတရား
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ-ဆယ့်နှစ်နှစ်တာကြာ၊
လူနတ်များစွာ ကြံစည်ကြ-သိရန်ခဲယဉ်းလှ၊
ဗုဒ္ဓမြတ်စွာ ပွင့်ထွန်းလာ-ဟောကြားနှုတ်ချွေကာ၊
လူနတ်များစွာ အကျိုးများ-မြတ်မင်္ဂလာ
ဤတရား၊
၂။ ပထမ မင်္ဂလာတရားသုံးပါး
လူမိုက်များကို
မပေါင်းရာ-အသေဝနာစ ဗာလာနံ မင်္ဂလာ၊
ပညာရှိကို ပေါင်းသင်းက-ပဏ္ဍိတာနဉ္စ
သေဝနာ မင်္ဂလာရ၊
ပူဇာစ ပူဇနေယျာနံ မင်္ဂလာ-ပူဇော်ထိုက်သူ
ပူဇော်ရာ၊
ဗုဒ္ဓမြတ်စွာ ဟောညွှန်ကြား-မြတ်မင်္ဂလာ
ဤတရား၊
၃။ ဒုတိယ မင်္ဂလာတရားသုံးပါး
သင့်တော်ရာမှာ နေထိုင်တာ-ပဋိရူပဒေသဝါသ
မင်္ဂလာ၊
ရှေးပြုခဲ့တာ မြတ်ပုည-ပုဗ္ဗေစကတပုညတာ
မင်္ဂလာရ၊
အတ္တသမ္မာပဏိဓိ ဆိုတာ-မိမိကိုယ်စိတ်
ကောင်းအောင်သာ-
ဆောက်တည်နေထိုင်ရာ၊
ဗုဒ္ဓမြတ်စွာ ဟောညွှန်ကြား-မြတ်မင်္ဂလာ
ဤတရား၊
၎။ တတိယမင်္ဂလာတရားလေးပါး
ကြားမြင်သုတ ဆည်းပူးရား-ဗာဟုစ္စ
မင်္ဂလာ၊
အတတ်ပညာ တတ်ကျွမ်းမှ-သိပ္ပမင်္ဂလာ ပြည့်စုံကြ၊
လူ့လောက ဤကမ္ဘာ-လူ့ကျင့်ဝတ်နှင့် ညီအောင်သာ၊
ကျင့်ကာကြံကာ နေထိုင်က-ဝိနယောစသုသိက္ခိတ မင်္ဂလာရ၊
သုဘာသိတ
မင်္ဂလာ-ချိုချိုသာသာ ပြောဆိုရာ၊
ဗုဒ္ဓမြတ်စွာ ဟောညွှန်ကြား-မြတ်မင်္ဂလာ
ဤတရား၊
၅။ စတုတ္ထ မင်္ဂလာတရားသုံးပါး
မိဘနှစ်ပါး လုပ်ကျွေးရာ-မာတာပိတုဥပဋ္ဌာန
မင်္ဂလာ၊
ပုတ္တဒါရဿ သင်္ဂဟ-ဇနီးသားသမီး
ချီးမြှင့်ကြ၊
အလုပ်လုပ်က အနှောက်အယှက်ကင်းတာ-
အနာကုလာစကမ္မန္တာ မင်္ဂလာ၊
ဗုဒ္ဓမြတ်စွာ ဟောညွှန်ကြား-မြတ်မင်္ဂလာ
ဤတရား၊
၆။ ပဉ္စမ မင်္ဂလာတရားလေးပါး
ဒါနဉ္စမင်္ဂလာ-လှူဒါန်းပေးကမ်းရာ၊
ကျင့်တာကြံတာ မြင့်မြတ်က-ဓမ္မစရိယာ
မင်္ဂလာရ၊
ဆွေမျိုးမိတ္တ ထောက်ပံ့တာ-Óတကာနဉ္စသင်္ဂဟ
မင်္ဂလာ၊
အနဝဇ္ဇာနိကမ္မ-အပြစ်ကင်းရာ
အလုပ်လုပ်ကြ၊
လူ့လောက ဤကမ္ဘာ-လူတိုင်းသိဖို့ရာ၊
ဗုဒ္ဓမြတ်စွာ ဟောညွှန်ကြား-မြတ်မင်္ဂလာ
ဤတရား၊
၇။ ဆဋ္ဌ မင်္ဂလာတရားလေးပါး
မကောင်းမှုမှ စဉ်ဝေးစွာ-ရှောင်ကြဉ်စောင့်ထိန်းရာ၊
အာရတီပါပါ မင်္ဂလာ၊
ဝိရတီပါပါ မင်္ဂလာက-ထူးစွာရှောင်ကြဉ်ရ၊
မဇ္ဇပါန မင်္ဂလာ-အရက်သေစာ
ရှောင်ကြဉ်ပါ၊
အပ္ပမာဒ မင်္ဂလာက-သတိတရ ရှိနေကြ-ကုသိုလ်မြတ်ပုည၊
လူ့လောက ဤကမ္ဘာ-လူတိုင်းသိဖို့ရာ၊
ဗုဒ္ဓမြတ်စွာ ဟောညွှန်ကြား-မြတ်မင်္ဂလာ
ဤတရား၊
၈။ သတ္တမ မင်္ဂလာတရားငါးပါး
ရိုသေထိုက်သူ ရိုသေရာ-ဂါရဝ
မင်္ဂလာ၊
နိဝါတက စိတ်ထားလှ-မိမိကိုယ်ကို
ချိုးနှိမ်ချ၊
ရသမျှနဲ့ ရောင့်ရဲတာ-သန္တုဋ္ဌီ
မင်္ဂလာ၊
ကတညုတာ မင်္ဂလာက-သူ့ကျေးဇူးကို
သိတတ်ကြ၊
သင့်တော်ကာလ ချိန်အခါ-တရားနာကြားရာ၊
ဗုဒ္ဓမြတ်စွာ ဟောညွှန်ကြား-မြတ်မင်္ဂလာ
ဤတရား၊
၉။ အဋ္ဌမ မင်္ဂလာတရားလေးပါး-
ခန္တီစ မင်္ဂလာ-သည်းခံခြင်းမှာ
အရာရာ-မြေကြီးဥပမာ၊
ဆိုဆုံးမရာ လွယ်ကူငြား-သောဝစဿတာ
မင်္ဂလာတရား၊
ရဟန်းတို့အား ဖူးမြင်ရာ-သမဏာနဉ္စဒဿနံ
မင်္ဂလာ၊
သင့်တော်သောအခါ တရားဆွေးနွေးက-
ကာလေနဓမ္မသာကစ္ဆ မင်္ဂလာရ၊
လူ့လောက ဤကမ္ဘာ-လူတိုင်းသိဖို့ရာ၊
ဗုဒ္ဓမြတ်စွာ ဟောညွှန်ကြား-မြတ်မင်္ဂလာ
ဤတရား၊
၁၀။ နဝမ မင်္ဂလာတရားလေးပါး
ခြိုးခြံချွေတာ ကျင့်သုံးရာ-တပေါစ
မင်္ဂလာ၊
မေထုန်ပြုတာ ရှောင်ကြဉ်ငြား-ဗြဟ္မစရိယ
မင်္ဂလာတရား၊
သစ္စာလေးပါး သိမြင်တာ-အရိယသစ္စာန
မင်္ဂလာ၊
မျက်မှောက်ပြုရာ အမတ-နိဗ္ဗာနသစ္ဆိကိရိယာ
မင်္ဂလာရ၊
လူ့လောက ဤမြေကမ္ဘာ-လူတိုင်း
သိဖို့ရာ၊
ဗုဒ္ဓမြတ်စွာ ဟောညွှန်ကြား-မြတ်မင်္ဂလာ
ဤတရား၊
၁၁။ ဒဿမ မင်္ဂလာတရားလေးပါး
လောကဓံရှစ်ပါး တွေ့လည်းကွယ်-မတုန်လှုပ်ပါတယ်၊
သောကသွယ်သွယ် မရှိငြား-ရမ္မက်မြူကင်းသား၊
ချောက်ချားဖွယ်ရာ ဘေးဘယာ-ကင်းဝေးအစဉ်သာ၊
ဗုဒ္ဓမြတ်စွာ ဟောညွှန်ကြား-မြတ်မင်္ဂလာ
ဤတရား၊
၁၂။ မင်္ဂလာရှိမှ ချမ်းသာရ
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ-ကျင့်ကြံသူတိုင်းသာ၊
ရန်ဘယာတွေ ကင်းစင်ပ-လုံးစုံရပ်ဒေသ၊
လူ့လောက ဤမြေကမ္ဘာ-လူတိုင်းသိဖို့ရာ
ဗုဒ္ဓမြတ်စွာ ဟောညွှန်ကြား-မြတ်မင်္ဂလာ ဤတရား၊