Thursday, September 20, 2012

♥♥ ဘဝချမ်းသာရေး လမ်းစဉ် ♥♥


တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက
အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု
ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ မထေရ်မြတ်၏

♥♥ ဘဝချမ်းသာရေး လမ်းစဉ် ♥♥
 
 
၁။ နေ့စဉ် ကောင်းမှုကုသိုလ်တရားများ၌ မမေ့မလျော့ စဉ်းစားပါ။

၂။ လူဖြစ်လာလျှင် လူ၏တန်ဖိုးကို သိအောင်ကြိုးစားပါ။

၃။ မည်သူတရားပျက်ပျက် သင်မပျက်ပါစေနဲ့၊ သတိထားပါ။

၎။ သင့်ကိုအကြောင်းပြုပြီး သူများ စိတ်မဆင်းရဲပါစေနဲ့။

၅။ မိဘကို စားနိုင်တဲ့အခါမှာ ကျွေးပါ၊ သေမှ ငိုမနေပါနဲ့။

၆။ သူများအပြစ်ကို မပြောပါနဲ့၊ ကိုယ့်အပြစ်ကိုသာ ရှုပါ။

၇။ ဗြဟ္မစိုရ်တရား အမြဲပွား၍ ကိုယ်တွင်းသီလတရား မြဲပါစေ။

၈။ အလိုက်သိပါ၊ အားနာပါ၊ အရှက်အကြောက်ရှိပါ။

၉။ ကြီးသူကို ရိုသေပါ၊ ရွယ်တူကို လေးစားပါ၊ ငယ်သူကို သနားပါ။

၁၀။ မစူးစမ်း မဆင်ခြင်ဘဲ မပြောပါနဲ့၊ မလုပ်ပါနဲ့၊ အမြဲ သတိထားပါ။

၁၁။ နေရာတိုင်းမှာ စိတ်သဘော ကြီးကြီးထားပါ။

၁၂။ နိုင်လိုသူကို အရှုံးပေးက စိတ်နှလုံးအေးမြသည်။

၁၃။ စကားပြောသောအခါ မျှမျှတတ ပြောဆိုပါ။

၁၄။ မိမိကိုယ်ကို နေ့စဉ် စစ်ဆေးမှ ကြီးပွားနိုင်သည်။

၁၅။ မကောင်းတဲ့ အကုသိုလ်စိတ်ရိုင်း စိတ်မိုက်များကို ပယ်ရှားပါ။

၁၆။ သူများကြီးပွားချမ်းသာတာကို မနာလို မရှုစိမ့် မရှိပါစေနဲ့။

၁၇။ နေရာတိုင်းမှာ ကိုယ်ချင်းစားတရား များများထားပါ။

၁၈။ မိမိကိုယ်ကို ဆုံးမခြင်းက သာ၍ကောင်းသည်။

၁၉။ မာနကိုနှိမ့်ချ၊ လူ၏တန်ဖိုးကို မြှင့်တင်ပါ၊ တာဝန်ကျေပွန်ပါစေ။

၂၀။ အရာရာမှာ စေတနာသန့်သန့်နဲ့ စိတ်ကောင်းတစ်ခု ထားပါ။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ