Saturday, May 25, 2013

သြော်.........ဆရာ


ဆရာက ဥယျာဉ်မှူးဆိုတော့
တပည့်က ပန်းကလေးဖြစ်ခွင့်ရတာပေါ့။

ဆရာက မိုးကောင်းကင်ဆိုတော့
တပည့်က ကြယ်ကလေး ဖြစ်ခွင့်ရတာပေါ့။

ဆရာက ပင်လယ်ပြင်ဆိုတော့
တပည့်က လှိုင်းကလေးဖြစ်ခွင့်ရတာပေါ့

ဆရာက ဓားသွေးကျောက်ဆိုတော့
တပည့်က ဓားကလေး ဖြစ်ခွင့်ရတာပေါ့။

ဆရာက မေတ္တာကန်ဆိုတော့
တပည့်က ကြာပန်းလေး ဖြစ်ခွင့်ရတာပေါ့။

ဆရာဟာ တပည့်ရဲ့ ရေသောက်မြစ်ပါ
ဒီအသက် ဒီအရွယ်အထိ တပည့်ရဲ့ ဘဝမှာ
ကြာပန်းလေးလိုလှပ၊ ဓားကလေးလို ထက်မြက်
လှိုင်းကလေးလိုလူးလွန့်၊ ကြယ်ကလေးလို လင်းလက်
ပန်းကလေးလို မွှေးမြပြီး လောကကြီးအလယ်မှာ
တင့်တင့်တယ်တယ်နဲ့ ထည်ထည်ဝါဝါနေနိုင်တာ
ငယ်စဉ်က ဆရာသင်ပေးခဲ့တဲ့ ပညာတွေကြောင့်ပါ။

ကျေးဇူးတော်ကြီးမားလှပါတယ်။
ဟို ငယ်ငယ်တုန်းက ကျောက်သင်ပုန်ပေါ်မှာ ဆရာသင်ပေးခဲ့တဲ့
"ဝ" လုံးလေးတွေ တပည့်တသက် ဒီနေ့ဒီအချိန်ထိ အသုံးချလို့ကို
မကုန်နိုင်သေးပါဘူး ဆရာ။

(အရှင်သီရိကဉ္စနာဘိဝံသ၏ လူ့ဘဝဇာတ်ခံပေါ်က သရုပ်ဆောင်များမှ)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ