ဤဆိုဒ်သို့ လာရောက်လေ့လာသူများ ကိုစိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ
ရနံ့စံအိမ်
မူလစာမျက်နှာ
အဘိဓမ္မာကဏ္ဍ
ဆောင်းပါး
နည်းပညာ
ပုံပြင်များ
ဖတ်မိတာလေးများ
ဘာသာရေး
အမေးအဖြေများ
အဆိုအမိန့်
ယဉ်ကျေးမှုသံစဉ်
လွမ်းစရာ့သံစဉ်များ
ကဗျာ
နံနက်ခင်းသြဝါဒ
ဘာသာသွေး
တရားနာယူရန်
တစ်ဘဝသံသရာ
ဗုဒ္ဓဘာသာလက်စွဲ
ကိုယ်ကျင့်အဘိဓမ္မာ
အနာဂတ်သာသနာရေး
လူအထက်တန်းတက်ရာလမ်း
နီတိရနံ့
စာပေရနံ့
သာသနာရေးရာ
Friday, April 19, 2013
ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်စေ
ရေချမ်းသစ်သီး ပန်းဆီမီးကို
ခိုင်ဖြီးသဒ္ဒါ လှူပြီးကာမျှ
ငါ့မှာကောင်းကျိုး အလွန်တိုးဟု
ယုံကိုးစိတ်ထဲ မရောင့်ရဲနှင့်။
မစဲညနေ့ ဘုရားရှေ့တွင်
ပျော်မွေ့မြတ်နိုး မြဲရှိခိုး၍
ကောင်းကျိုးပွားစည် ကြီးလှပြီဟု
ယုံကြည်အားရ စိတ်မချနှင့်။
ဓာရဏနှင့် ဓမ္မင်္ကြာ
မေတ္တာပဌာန်း ရွတ်နိုင်စွမ်းကြောင့်
ရွှင်လမ်းပီတိ ဂွမ်းဆီထိကာ
ကြီးမည့်တေဇော် မစောင့်မျှော်နှင့်။
ဂုဏ်တော်ပုတီး သက်စေ့ပြီးအောင်
ဇွဲကြီးခိုင်မာ ငြိမ်သက်စွာဖြင့်
သဒ္ဒါကြည်ယုံ စိတ်ပြီးယုံဖြင့်
လုံလောက်လှပြီ မရပ်တည်နှင့်။
ရေကြည်သစ်သီး ဆီမီးလှူမျိုး
ရှိခိုးဝတ်ရွက် စေလွှတ်မေတ္တာ
တစ်ရာ့ရှစ်သီး စိတ်ပုတီးကို
မငြီးဆင့်ကဲ စိတ်မြဲစိတ်ပါ
မဖြတ်ပါနှင့်။
ဆက်ကာတစ်မျိုး ရှေ့သို့တိုး၍
အကျိုးနိဗ္ဗာန် မျှော်ရိုးမှန်က
ရုပ်နာမ်ခွဲခြား ကျင့်တရားသာ
သံသရာဝဋ် ထွတ်လွတ်စေကြောင်း
လမ်းမှန်ကောင်းဟု ညွှတ်ပြောင်းစိတ်ထဲ
ယုံကြည်စွဲလျက် အမြဲနေ့ည
ဝိပဿနာ ဘာဝနာကို
ခိုင်မာဆန္ဒ ကြိုးလုံ့လမှ
ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်မည်
ကြပ်ကြပ်သတိရှိပါစေ။
(မဟာသဒ္ဓမ္မ ဇောတိကဓဇ ဦးအောင်သိမ်း)
Newer Post
Older Post
Home
View mobile version
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ