စာရိတ္တသီလ၊ ၀ါရိတ္တသီလ သီလနှစ်မျိုးရှိကြောင်း သိထားကြပြီးသားပါ။
ဒါပေမယ့် လူတွေမှာ ရေပန်းအစားဆုံးကတော့ စာရိတ္တသီလလို့ ဆိုရမလို ဖြစ်နေပါတယ်။
ဒီလူက စာရိတ္တကောင်းတယ် ဒီလူက စာရိတ္တမကောင်းဘူး ဆိုတဲ့ စကာလုံးကို
မကြားချင်အဆုံး ကြားနေရလို့ပါပဲ။
ဝါရိတ္တသီလကျပြန်တော့ စာရိတ္တလောက် လူသိမများဘူးလို့ ဆိုရမှာပေါ့။
စာရိတ္တသီလဆိုတာ--
မျိုးရိုးထုံးစံအတိုင်း ကောင်းတဲ့အကျင့်ဟူသမျှနဲ့ ၀ိနည်း ခန္ဓကမှာလာတဲ့ (မကျင့်ကြံရင် အာပတ်မသင့်၊ ကျင့်ရင်တော့ အကျိုးရမယ်) ဆိုတဲ့ ကျင့်ဝတ်များကို စာရိတ္တသီလ လို့ခေါ်ပါတယ်။
အဲဒီစာရိတ္တသီလကို တတ်သိနားလည်းလို့ ကျင့်နိုင်ရင် အင်မတန်အကျိုးရှိပါတယ်၊ မသိနားမလည်လို့ မကျင့်ပေမယ့် (အကဲ့ရဲ့ခံရရုံမှတစ်ပါး) အပြစ်မကြီးလှပါဘူး.။
ဝါရိတ္တသီလဆိုတာ---
မပြုကျင့် မလိုက်နာ မစောင့်စည်းရင် အပြစ်ရမယ့် နိစ္စသီလတွေကိုတော့ ၀ါရိတ္တသီလလို့ ခေါ်ပါတယ်၊ မဖြစ်မနေ ထိန်းသိမ်းရမယ့် သီလလို့ ဆိုရမှာပေါ့။ (သဂြိ င်္ဘာသာဋီကာ-၃၉၅ မှာ ရှု)
လူတွေအတွက် ငါးပါးသီလဟာ နိစ္စသီလဖြစ်တယ်၊ ဒါကြောင့်သူက ၀ါရိတ္တသီလပါ။ အရက်သောက်တာ၊ ခိုးတာ၊ မုဒိန်းမှုကျူးလွန်တာတွေဟာ ၀ါရိတ္တသီလတွေသာဖြစ်တယ်။
စာရိတ္တသီလကို အဘိဓမ္မာတရားကိုယ်အားဖြင့် စေတနာကို ကောက်ရပါမယ်။ ၀ိရတီမကောက်ရပါဘူး ဘာဖြစ်လို့လဲဆိုရင် ရှောင်ကြဉ်ရတာမဟုတ် လိုက်နာရတာဖြစ်လို့ပါ။ ဒါကြောင့် သူကိုတော့ စေတနာသီလလို့ခေါ်ပါတယ်။
ဝါရိတ္တသီလကို အဘိဓမ္မာတရားကိုယ်ကောက်ရင် ၀ိရတီနှင့်စေတနာတို့ကို ကောက်ရပါမယ်။
ဣဒံ ကတ္တဗ္ဗန္တိ ပညတ္တသိက္ခာပဒပူရဏံ၊ တံ စာရိတ္တံ။ ယံ ဣဒံ န ကတ္တဗ္ဗန္တိ ပဋိက္ခိတ္တဿ အကရဏံ၊ တံ ၀ါရိတ္တံ။ (၀ိသုဒ္ဓိမဂ်-၁၊ ၁၁)
မြန်မာပြန်။ ။ ဤ(ကျင့်ဝတ်ကို) ပြုကျင့်အပ်၏ ဟူ၍ မြတ်စွာဘုရား ပညတ်ထားသော သိက္ခာပုဒ် (သီလ)ကို ဖြည့်ကျင့်ခြင်းသည် စာရိတ္တသီလမည်၏။ ဤ(ဒုစရိုက်ကို) မပြုအပ်ဟူ၍ မြတ်စွာဘုရား မယ်မြစ်ထားသောအမှုကို မပြုခြင်းသည် ၀ါရိတ္တသီလမည်၏။ (မဟာစည်ဆရာတော်၏ ၀ိသုဒ္ဓိမဂ်မြန်မာပြန်၊ ပထမတွဲ-၃၁)
ဝါရိတ္တသီလကို ကျင့်ရုံမျှဖြင့် သီလသည် လုံးဝ မပြည့်စုံသေး။ စာရိတ္တသီလကိုပါ ဖြည့်ကျင့်မှ လုံးဝပြည့်စုံသည်။
ထိုသီလကို ကျင့်ခြင်းဖြင့် အကျိုးရှိသည်ဟု ယုံကြည်သော သဒ္ဓါ၊ မပျင်းမရိကျင့်လိုသော ၀ီရိယဟူသော ဤနှစ်ပါးလုံးနှင့် ပြည့်စုံပါမှ စာရိတ္တသီလကို ပြည့်စုံစေနိုင်သည်။
မကျင့်လျှင် အပြစ်ဖြစ်သည်၊ ကျင့်လျှင် အကျိုးရှိသည်ဟု ယုံကြည်သော သဒ္ဓါအားကောင်းပါမှ ၀ါရိတ္တသီလကို ပြည့်စုံစေနိုင်သည်။ (မဟာစည်ဆရာတော်၏ ၀ိသုဒ္ဓိမဂ်မြန်မာပြန်၊ ပထမတွဲ-၃၂)
ကဲ.....ဒီလောက်ဆို စာရိတ္တသီ၊ ၀ါရိတ္တသီလအကြောင်း တစေ့တစောင်းလောက်တော့ ရိပ်မိလောက်ပြီလို့ ယူဆပါတယ်။
အားလုံး ရွှင်လန်းကြပါစေ...
Wednesday, August 8, 2012
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ
