Friday, January 31, 2014

"နံပါတ်မှားတပ်မိခြင်း"


စာမေးပွဲလောကမှာ
ခုံနံပါတ် မှားတပ်မိရင်ဖြစ်စေ
ပုစ္ဆာနံပါတ် မှားတတ်မိရင်ဖြစ်စေ
အဖြေတွေ ဘယ်လောက်မှန်မှန်
ရရှိလာမယ့် ရလာဒ်ကတော့ ဆုံးရှုံးခြင်းတွေပဲဖြစ်ပါတယ်။

ဘဝစာမေးပွဲမှာလဲ ဒီလိုပဲ
ကိုယ်ကဘယ်လောက်ပဲ မှန်ကန်နေပါစေ
နံပါတ်မှားတတ်ခြင်းဆိုတဲ့ လွဲချော်မှုရှိနေသေးရင်
အောင်မြင်မှုနဲ့ ဝေးနေဦးမှာပဲ။


မှန်ကန်တဲ့အဖြေ
မှန်ကန်တဲ့ နံပါတ် ဟန်ချက်ညီနေဖို့
အရေးကြီးပါတယ်။

ရထားတစ်စင်းလုံး တိမ်းမှောက်သွားတာ
တစင်းလုံး ဘီးချော်လို့ မဟုတ်ပါဘူး
ဘီးလေးတစ်ဘီး ဘေးချော်သွားလို့ပါ။

နတ်သုဒ္ဓါတစ်အိုး သုံးမရတာ မစင်တပဲကြောင့်ပါ။

မပြောပလောက်ပါဘူးဆိုပြီး ဘယ်ဟာမှ အထင်မသေးပါနဲ့။


((မနေ့က ခုံနံပါတ် မှားတပ်မိတဲ့ စာဖြေရှင်တစ်ပါးကြောင့် တွေးမိတာလေးပါ၊))