ပေါ်လွင်မပြု၊ ကောင်းရာတုလျက် တဲ့
ကံတော်မင်းကျောင်း ဆရာတော်က
မိန့်တော်မူခဲ့တယ်။
ဒီစာသားလေးကို တွေ့မိပြန်တော့
မိမိရဲ့ ဆရာသမား ဆိုဆုံးမတာလေး
ပြန်လည် အမှတ်ရမိပြန်တယ်။
ကိုယ့်ရဲ့စရိုက်ကို သူတစ်ပါးသိအောင်
ပေါ်ပေါ်လွင်လွင် မရှိနဲ့နော်
သိမ်မွေ့နက်နဲအောင် သိုသိုသိပ်သိပ်နေရတယ်။
ကိုယ့်ရဲ့အကျင့်စရိုက်ကို
တစ်ပါးသူသိသွားရင်
ငါ့ရှင်တို့ကို လိုသလို
အသုံးချသွားလိမ့်မယ်။
အကြောင်းသိရင် ပေါင်းသင်းရတာ
လွယ်ကူတယ်ကွ!။
ဒီတော့ ကိုယ့်စရိုက် ကိုယ့်အကျင့်ကို
ပေါ်လွင်အောင် မပြလိုက်ပါနဲ့။
ဝမ်းသာမှု ဝမ်းနည်းမှု
စိတ်ဆိုးမှု ကြည်နူးပျော်ရွှင်မှုစတဲ့
ခံစားချက်ကို ပေါ်ပေါ်လွင်လွင်
မပေါက်ကွဲလိုက်ပါနဲ့။
ပေါ်လွင်နေရင် အသုံးချချင်သူရဲ့ ခွင်ထဲ
ရောက်ပြီသာမှတ်တော့တဲ့။