လက်ဖက်သုတ်တစ်ခု ကောင်းဖို့ဆိုတာ
လက်ဖက်တစ်ခုနဲ့တင် ပြီးတာ မဟုတ်ဘူး။
နှစ်ပြန်ကြော်လေး ပုဇွန်ကြော်လေး နှမ်း ကြက်သွန်းလေးတို့ပါ
မျိုးစုံထည့်မှ စားလို့ကောင်းတာ၊ လက်ဖက်သုတ်ကောင်းတာ။
အဲဒီလိုပဲ....
အလုပ်တစ်ခု ပြီးစီးအောင်မြင်ဖို့ဆိုတာ
ဝီရိယတစ်ခုနဲ့တင် ပြီးတာ မဟုတ်ဘူး။
သီလ ပညာ မေတ္တာတို့ ရောပြီးထုံမှ ကောင်းတယ်၊
အဆင်ပြေတယ်၊ အနှောင့်အယှက်ကင်းတယ်။
လိုအပ်တာတွေ ဖြည့်နိုင်လေ ပိုကောင်းလေပဲ။ (အဝေရာရာမဆရာတော်)