Wednesday, April 10, 2013

ဘဝသမ္ပတ္တိအကျိုးပေးသန် ကုသိုလ်နှစ်မျိုး


 
မေတ္တာ၏ အကျိုးအာနိသင်သည် အလွန်များ၏၊
ကြီးမား မြင့်မြတ်၏၊

ဘဝသမ္ပတ္တိ အကျိုးပေးသန်သော
ကောင်းသောကံအများတို့တွင်
ဤမေတ္တာကံသည် အထွတ်အမြတ်ဆုံး အသာဆုံးတည်း။

မေတ္တာကို တုပြိုင်နိုင်သော ကံဟူ၍ မရှိ၊

အနုဿတိတို့တွင် ဗုဒ္ဓါနုဿတိကံသည်
ဘဝသမ္ပတ္တိ အကျိုးပေးသန်၏၊
ကြီးမားမြင့်မြတ်၏။

ထို့ကြောင့် ဘဝများစွာ နေရဦးမည့်
ဘုရားဖြစ်လိုသော ဘုရားဆုပန်ပုဂ္ဂိုလ်များမှာ
အထူးအားဖြင့် ဗုဒ္ဓါနုဿတိနှင့် မေတ္တာ နှစ်ပါးကို
လကိကိုင် ထားကြရာ၏။ ပွားများကြရာ၏။

မေတ္တာကို ပွားများလျင် ကြွင်းသော ဗြဟ္မဝိဟာရတို့လည်း
ပါ၍ လိုက်ကုန်တော့၏။ 
 
(လယ်တီဆရာတော်၏ ကမ္မဋ္ဌာန်းကျမ်းကြီးမှ)