Wednesday, January 8, 2014

စကားပြောတယ်ဆိုတာ



စကားပြောတယ်ဆိုတာ
ကာလ ဒေသ ပုဂ္ဂလ ကြည့်ပြီး
ပြောဆိုမှ စကားတန်ဖိုးမြင့်တယ်။

ကာလ ဒေသ ပုဂ္ဂလ မကြည့်ဘဲ
ပြောဆိုမိရင် မိမိစကားက
မိမိရဲ့ လူသတ်လက်နက်လည်း
ဖြစ်နိုင်ပါတယ်။

မိမိကို အထင်သေးသွားစေနိုင်တဲ့
အသရေဖျက်လက်နက် စတာတွေလည်း ဖြစ်နိုင်တယ်။


ကိုယ့်နဲ့ စကားပြောဘက်ကို
အလိုက်မသိတဲ့ ပတ်ဝန်းကျင်
အလေးမထားသူလို့လည်း
ထင်မြင်ခြင်း ခံရနိုင်ပါတယ်။

ဒါကြောင့် စကားဆိုတဲ့အတိုင်း
စလိုက်ရင် မကားမိအောင်
သတိဆောင်ရမှာပေါ့။