ရွှေစက်တော် သင်္ကြန်ဖွဲ့ တေးထပ် (ဆရာကြီး သခင်ကိုယ်တော်မှိုင်း)
တာသင်္ကြန်-ကူးကြတဲ့၊ တန်ခူးလ ရာသီ၊
အထူပ ပဏာချီသည်၊ ရာနှစ်လီ စက်ခမ်း၊
တောပန်းနှင့် တောင်ပန်းတွေကို အလွမ်းပြေ ခူးဆွတ်လှူဒါန်း။
တပည့်မ ကေဖြတ်နွယ်တွေမှာ ရေသပ္ပာယ်ချင်စမ်း
ချွေကပ်ဘွယ် တင်စွမ်းနှင့် ရင်လွှမ်းဖြင့်လာ၊
ဆရာကို ရေကန်တော့မယ်လို့ ပွေသပေါ့ ဖျန်းပက်ပြန်ကာ။
မန်းရွှေစက် နမ္မဒါမှာ အဟံငါ ငြင်းနိုင်ဘဲဟာမို့၊
သင်းပိုင်လဲ ရွှဲလို့စိုပြီ၊ လဲဘို့လိုသည်၊
ကဲသမို့ နှစ်ကိုယ်ညီအောင် အကြိုမှီ ပက်သေးတော့လေး....
(ဆရာကြီး သခင်ကိုယ်တော်မှိုင်း)