Friday, March 8, 2013

“နွေဦးပေါက်တော့” (မင်းသုဝဏ်)

 
သွေ့သည်သွေ့သည်၊ စုံပတ်လည်ဝယ်
မစည်ကြိုးကြဲ၊ ရွက်ရော်ဝဲသည်
နှင်းစဲခါစပေါ်နွေဦး။ ။

ဝေ့လည်ဝေ့လည်၊ ရပ်မတည်သည်
ဟိုသည်လျှောက်ပြေး၊ ရွက်ရော်သေးကို
ဆောင်သွေးချေပေါ့ဆော်လေရူး။

မြေ့ချည်မြေ့ချည်၊ စိုမပြည်သည်
မကြည်နောင့်ဝမ်း၊ ရွက်ရော်နွမ်းနှင့်
မိတ်ကျွမ်းတဝင်၊ ပါလေအင်သည်
ဘယ်တွင်ဆုံးရိပ်မြော်ချေဘူး။ ။

မင်းသုဝဏ်
မင်းသုဝဏ်(ဂန္ထလောက၊တပို့တွဲ...)
ပန်းချီ ဦးအမ်တင်အေး
 
Myanmar Art and Crafts  မှ ကူးယူဖော်ပြပါသည်။