Thursday, August 9, 2012

“ပုဂံက ချိုးကလေး”

ယာခရိုးက ရွှေချိုးကူ
ပုဂံတေးသံ ကြားယောင်သူ
လူကတစ်ရစ် နတ်တစ်ရစ်
ဘုရားတည်တဲ့ ပုဂံခေတ်။

ချစ်မြတ်နိုးလို့  ပုံပြင်ဆောင်
ပြောလို့ မဆုံးပေါင်
တောင်တွေ တောတွေ စေတီများ
ဇာတ်လမ်း နောက်ခံထား။

ဇာတ်လိုက်များက စွမ်းအားရှင်
နောင်ခါ သူဘုရင်
ပုံပြင်ထဲလို တအံ့သြ
ခေတ်သစ်တည်ပါပကော။

ပြန့် ပြောလှတဲ့ ယာပြင်မှာ
စေတီပေါင်းက သိန်းသောင်းပါ
ကျောက်စာ မင်စာ ရေးထိုးထား
လက်တွေ့  မြင်နိုင်သား။

ပုဂံသားတို့  စွမ်းအားဂုဏ်
ပုံပြင်မှတ်လို့ ယုံ
ခိုင်လုံစကား အမှန်ရှိ
တကယ် ကြီးကျယ်၏။

သိချင်ရင်တော့ ပုဂံမြေ
ရွှေချိုးကလေးကို မေးပါလေ
ညနေကျတော့ ဧရာကမ်း
နေရီရီနဲ့ လွမ်း။ ။

တင်မိုး
၁၀၊ အောက်တိုဘာ၊ ၁၉၉၉
တနင်္ဂနွေနေ့  နံက်ခင်း

ဒီနေရာကလေးမှာ တွေ့လို့ ကူးယူတင်ပြလိုက်ပါတယ်။