Friday, July 20, 2012

Notepad ကို Save တဲ့အခါ မြန်မာလို မပေါ်ဘူးဆိုရင်



ဒီပို့စ်လေးကိုတော့ မသိသေးတဲ့ သူများအတွက်သာ ရည်ရွယ်ပါတယ် ..
လုပ်တက်သွားရင်တော့ လွယ်တယ်လို့ ထင်ရပေမယ့် မသိသေးရင်တော့ တော်တော် ရွာပတ်ပါတယ် ..
ဘာပဲပြောပြော ဒီကောင်လေးကို လိုအပ်ပါတယ် ..
ထက်ထက်တို့ မှတ်ထားချင်တာလေး တွေကို အလွယ်ရေးပြီး မှတ်ချင်တဲ့ အခါမှာ
Windows Logo + R ကိုနှိပ်ပြီး Run Box ကိုဖွင့်ပြီးရင် Run Box ထဲမှာ
notepad လို့ရိုက်ထည့်ပြီး ပေါ်လာတဲ့ Notepad ထဲမှာ အလွယ်တကူ မှတ်သား တက်ကြပါတယ် ..
ဒါပေမယ့် ထက်ထက်တို့ အနေနဲ့  Notepad မှာ Zawgyi-One Font ကို
မပြောင်း ပေးဘူးဆိုရင်လည်း မြန်မာလို ပေါ်မှာမဟုတ်သလို Save တဲ့အခါမှာလည်း
Unicode ကိုပြောင်းပြီး မ Save ဘူးဆိုရင်လည်း Save တဲ့အခါမှာ
မြန်မာလို ပေါ်မှာ မဟုတ်ပါဘူး .. ဒါကြောင့် Notepad ကိုအသုံးပြု တဲ့အခါမှာ

အခက်အခဲ ဖြစ်နေသူတွေ အတွက် ထက်ထက် ရေးပေးသွားမှာ ဖြစ်ပါတယ်
အရင်ဆုံး Keyboard မှ  Windows logoR ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ ..
ပြီးရင် Run Box ထဲမှာ Notepad  လို့ရိုက်ထည့်ပြီး  Enter  ခေါက်လိုက်ပါ ..
ဒါဆို  Notepad လေးပွင့်လာ ပါလိမ့်မယ် ..
အရင်ဆုံး  မြန်မာလို ရိုက်လို့ရအောင် ဖောင့်ဘယ်လို ချိန်းရမယ် ဆိုတာကို ပြပေးသွားပါမယ် ..
အောက်က ပုံအတိုင်း  Unicode ကိုပြောင်းပေးလိုက်ပါ .

Unicode  ကိုပြောင်းပြီး သွားပြီ ဆိုရင်တော့ Save လိုက်ယုံပါပဲ ..
ပြီးရင်တော့ မိမိတို့  Save လိုက်တဲ့  Notepad လေးကို ပြန်ဖွင့်ကြည့်လိုက်ပါ ..
မြန်မာဖောင့် ပေါ်နေတာကို တွေ့ ရပါလိမ့်မယ် ..
သူငယ်ချင်းတို့ကို ပြန်လည်မျှဝေတာပါ
အားလုံးပဲအဆင်ပြေကြပါစေ ..
ကျေးဇူးတင်ပါတယ်နော်..

မူရင်းလင့်။   ။  မောင်မောင်သွင် အွန်လိုင်းစုပေါင်း နည်းပညာမှတ်စု