Friday, June 15, 2012

ထူးခြားချင်ရင်

နာစိန္တယန္တော ပုရိသော၊ ၀ိသေသမဓိဂစ္ဆတိ။
ဝိသေသ ပဋိလာဘာယ၊ စိန္တယ တွံ ပရမ္ပရာ။

ကြံစည်တွေးတောမှု မရှိတဲ့သူ၊
ရည်ရွယ်ချက်၊ ဦးတည်ချက် မရှိတဲ့သူဟာ
ထူးထူးခြားခြား အောင်မြင်မှုမရနိုင်ဘူး။

ထူးထူးခြားခြား အောင်မြင်မှု ရချင်ရင်
အခါခါ အထပ်ထပ် ကြံစည်ရမယ်
ရည်ရွယ်ချက် ဦးတည်ချက် ထားရမယ်။